၁ ကော 14:19-24 Common Language Bible (BCL)

19. သို့​သော်​ပ​ရိ​သတ်​ဝတ်​ပြု​ခြင်း​တွင်​ထူး​ဆန်း​သော ဘာ​သာ​စကား​အ​ခွန်း​ပေါင်း​အ​ထောင်​အ​သောင်း ထက်​သွန်​သင်​ရန်​နား​လည်​နိုင်​သည့်​စ​ကား​ငါး ခွန်း​မျှ​ကို​ပို​၍​ငါ​ပြော​ဆို​လို​၏။

20. ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-

21. ကျမ်း​စာ​တော်​တွင်၊``ငါ​၏​လူ​စု​တော်​အား​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​များ​ဖြင့်​ငါ​ပြော​မည်။လူ​မျိုး​ခြား​တို့​၏​နှုတ်​ဖြင့်​ငါ​ပြော​မည်။သို့​သော်​လည်း​ငါ​၏​လူ​စု​တော်​သည်ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏''ဟူ​၍​ဖော်​ပြ​ပါ​ရှိ​၏။-

22. ထို့​ကြောင့်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး မျိုး​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​သည်​မ​ယုံ​ကြည် သူ​တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။ ဗျာ​ဒိတ်​တော်​ကို​ကြေ​ညာ ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကား​ယုံ​ကြည်​သူ တို့​အ​တွက်​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ မ​ယုံ​ကြည် သူ​တို့​အ​တွက်​မ​ဟုတ်။

23. သို့​ဖြစ်​၍​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့​သည်​စု ဝေး​လျက်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ပြော​ဆို​နေ​စဉ် သာ​မန်​လူ​အ​ချို့​သို့​မ​ဟုတ်​မ ယုံ​ကြည်​သူ​အ​ချို့​ရောက်​ရှိ​လာ​ခဲ့​သော်​သင်​တို့ အား​ရူး​သွပ်​သူ​များ​ဟု​ဆို​မည်​မ​ဟုတ်​လော။-

24. သို့​သော်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​သင် တို့​အ​ပေါင်း​ကြေ​ညာ​ဟော​ပြော​လျက်​နေ​စဉ် မ​ယုံ​ကြည်​သူ​သို့​မ​ဟုတ်​သာ​မန်​လူ​တစ်​ယောက် ရောက်​ရှိ​လာ​ပါ​မူ သင်​တို့​ဟော​ပြော​သည့်​တ​ရား စ​ကား​ကြောင့် မိ​မိ​သည်​အ​ပြစ်​များ​ကူး​သူ ဖြစ်​ကြောင်း​ကောင်း​စွာ​သိ​မြင်​လာ​လိမ့်​မည်။-

၁ ကော 14