5. မလျောက်ပတ်သည့်အမှုကိုမပြုတတ်။ ကိုယ် ကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက် တတ်။ သူတစ်ပါး၏အပြစ်ကိုမှတ်၍မထား တတ်။-
6. မကောင်းမှုဒုစရိုက်ကြောင့်ဝမ်းမြောက်ဝမ်းသာ မရှိတတ်။ သမ္မာတရားကြောင့်ဝမ်းမြောက်တတ်၏။-
7. မည့်သည့်အခါမျှလက်အလျော့မပေးတတ်။ မေတ္တာသည်အမြဲယုံကြည်တတ်၏။ အမြဲ မျှော်လင့်တတ်၏။ အမြဲသည်းခံတတ်၏။
8. မေတ္တာသည်ထာဝစဉ်တည်၏။ ဗျာဒိတ်တော် အားဖြင့်ဟောပြောနိုင်သောစွမ်းရည်သည် လည်းကောင်း၊ ထူးဆန်းသောဘာသာစကား အမျိုးမျိုးကိုပြောနိုင်သောအခွင့်သည် လည်းကောင်း၊ အသိပညာသည်လည်းကောင်း အမြဲမတည်ဘဲကွယ်ပျောက်လိမ့်မည်။-
9. ငါတို့၏အသိပညာသည်မစုံလင်။ ဗျာဒိတ် တော်အားဖြင့်ဟောပြောနိုင်သောစွမ်းရည် သည်လည်းမစုံလင်။-