၁ ကော 13:1-6 Common Language Bible (BCL)

1. ငါ​သည်​လူ​ဘာ​သာ​စ​ကား​များ​နှင့်​ကောင်း​ကင် တ​မန်​ဘာ​သာ​စ​ကား​များ​ကို​ပြော​နိုင်​သော် လည်း မေတ္တာ​မ​ရှိ​လျှင်​ပဲ့​တင်​ခတ်​သည့်​မောင်း ကဲ့​သို့​လည်း​ကောင်း၊ အ​သံ​မြည်​သည့်​လင်း ကွင်း​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​၏။-

2. ငါ​သည်​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော​ပြော​နိုင် သော်​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ နှင့်​အ​တတ်​ပ​ညာ​ရှိ​သ​မျှ​တို့​ကို​နား​လည် တတ်​ကျွမ်း​သော်​လည်း​ကောင်း၊ တောင်​များ​ကို ရွှေ့​ပြောင်း​နိုင်​သည့်​ယုံ​ကြည်​ခြင်း​ရှိ​သော် လည်း​ကောင်း​မေတ္တာ​မ​ရှိ​လျှင်​အ​ချည်း​နှီး ပင်​ဖြစ်​၏။-

3. ငါ​၏​ဥစ္စာ​ရှိ​သ​မျှ​ကို​ပေး​ကမ်း​စွန့်​ကြဲ​သည် သာ​မ​က​ကိုယ်​ခန္ဓာ​ကို​မီး​ဖြင့်​ပူ​ဇော်​သော် လည်း​မေတ္တာ​မ​ရှိ​လျှင်​ငါ​၌​အ​ကျိုး​မ​ရှိ။

4. မေတ္တာ​သည်​သည်း​ခံ​တတ်​၏။ ကြင်​နာ​သ​နား တတ်​၏။ မ​နာ​လို​စိတ်​မ​ရှိ။ မေတ္တာ​သည်​ကြွား​ဝါ မှု​မ​ရှိ။ မာန်​မာ​န​မ​ရှိ။-

5. မ​လျောက်​ပတ်​သည့်​အ​မှု​ကို​မ​ပြု​တတ်။ ကိုယ် ကျိုး​ကို​မ​ရှာ​တတ်။ ဒေါ​သ​အ​မျက်​မ​ထွက် တတ်။ သူ​တစ်​ပါး​၏​အ​ပြစ်​ကို​မှတ်​၍​မ​ထား တတ်။-

6. မ​ကောင်း​မှု​ဒု​စ​ရိုက်​ကြောင့်​ဝမ်း​မြောက်​ဝမ်း​သာ မ​ရှိ​တတ်။ သမ္မာ​တ​ရား​ကြောင့်​ဝမ်း​မြောက်​တတ်​၏။-

၁ ကော 13