၁ ကော 12:17-22 Common Language Bible (BCL)

17. ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မျက်​စိ​သာ​လျှင် ဖြစ်​ပါ​က​အ​ဘယ်​သို့​ကြား​နိုင်​မည်​နည်း။ ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​နား​သာ​လျှင် ဖြစ်​ပါ​မူ​အ​ဘယ်​သို့​အ​နံ့​ခံ​နိုင်​မည်​နည်း။-

18. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​အ​လို​တော် ရှိ​သည့်​အ​တိုင်း​ကိုယ်​ခန္ဓာ​တွင် အင်္ဂါ​အ​စိတ် အ​ပိုင်း​အ​သီး​သီး​တို့​သူ့​နေ​ရာ​နှင့်​သူ ရှိ​စေ​တော်​မူ​၏။-

19. အင်္ဂါ​အ​စိတ်​အ​ပိုင်း​တစ်​ခု​တည်း​သာ​လျှင် ရှိ​ခဲ့​သော်​ကိုယ်​ခန္ဓာ​ဖြစ်​လာ​နိုင်​မည်​မ​ဟုတ်။-

20. အ​မှန်​အား​ဖြင့်​ဆို​သော်​အင်္ဂါ​အ​စိတ်​အ​ပိုင်း အ​များ​ရှိ​သော်​လည်း​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း သာ​ရှိ​သ​တည်း။

21. ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။-

22. အား​နည်း​သော​လက္ခ​ဏာ​ရှိ​သော​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​မှာ​မ​ရှိ​လျှင်​မ​ဖြစ်။-

၁ ကော 12