12. ခရစ်တော်သည်အင်္ဂါအစိတ်အပိုင်းများရှိ သည့်ကိုယ်ခန္ဓာနှင့်တူ၏။ ကိုယ်ခန္ဓာသည်အင်္ဂါ အစိတ်အပိုင်းများရှိသော်လည်းတစ်ကိုယ် တည်းသာဖြစ်၏။-
13. ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။
14. လူ၏ကိုယ်ခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းတစ် ခုတည်းရှိသည်မဟုတ်။ အများပင်ရှိပေ သည်။-
15. ခြေက ``ငါသည်လက်မဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကခြေသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
16. နားက``ငါသည်မျက်စိမဟုတ်သဖြင့်ကိုယ် ခန္ဓာနှင့်မစပ်ဆိုင်'' ဟုဆိုပါကနားသည် ကိုယ်ခန္ဓာ၏အစိတ်အပိုင်းဖြစ်သေး၏။-
17. ကိုယ်ခန္ဓာတစ်ခုလုံးသည်မျက်စိသာလျှင် ဖြစ်ပါကအဘယ်သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည်နားသာလျှင် ဖြစ်ပါမူအဘယ်သို့အနံ့ခံနိုင်မည်နည်း။-
18. သို့ရာတွင်ဘုရားသခင်သည်အလိုတော် ရှိသည့်အတိုင်းကိုယ်ခန္ဓာတွင် အင်္ဂါအစိတ် အပိုင်းအသီးသီးတို့သူ့နေရာနှင့်သူ ရှိစေတော်မူ၏။-