1. ညီအစ်ကိုတို့၊ သင်တို့ရေးသားမေးမြန်း သည့်ဝိညာဉ်တော်၏ဆုကျေးဇူးများနှင့် ပတ်သက်၍ သင်တို့အားသိစေလိုသော အချက်များရှိ၏။-
2. သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
3. အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
4. ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။-
5. အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။-
6. အမှုတော်ဆောင်ရန်စွမ်းရည်အမျိုးမျိုးရှိသော် လည်း လူအသီးသီး၌ရှိသောစွမ်းရည်များကို ပေးတော်မူသောအရှင်ကားတစ်ပါးတည်းရှိ၏။-
7. အများကောင်းကျိုးအတွက်လူအသီးသီး တို့နှင့်ဝိညာဉ်တော်ပါရှိကြောင်းတစ်နည်း တစ်ဖုံအားဖြင့်ဖော်ပြ၏။-
8. ဝိညာဉ်တော်သည်လူတစ်ယောက်အားဉာဏ် ပညာဖြင့်ပြောဆိုနိုင်သောစွမ်းရည်ကိုပေး တော်မူ၏။ အခြားတစ်ယောက်အားအသိ ဉာဏ်ဖြင့်ခက်ခဲသောအရာတို့ကိုထုတ်ဖော် ပြောဆိုနိုင်သောစွမ်းရည်ကိုပေးတော်မူ၏။-
9. ဝိညာဉ်တော်ကပင်တစ်ယောက်အားယုံကြည်မှု ပါရမီကိုလည်းကောင်း၊ အခြားတစ်ယောက် အားအနာရောဂါများပျောက်ကင်းစေနိုင် သောတန်ခိုးကိုလည်းကောင်းပေးတော်မူ၏။-