၁ ကော 11:23-32 Common Language Bible (BCL)

23. သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊-

24. ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

25. ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

26. သင်​တို့​သည်​ထို​မုန့်​ကို​စား​၍​ထို​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​သောက်​သည့်​အ​ခါ​တိုင်း​သ​ခင် ဘု​ရား​အ​သေ​ခံ​တော်​မူ​ကြောင်း​ကို​ကိုယ်​တော် ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင်​ကြေ​ညာ​ကြ​၏။-

27. သို့​ဖြစ်​၍​မ​ရို​မ​သေ​ဘဲ​သ​ခင်​ဘု​ရား​၏​မုန့် ကို​စား​၍ ကိုယ်​တော်​၏​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​သော​သူ​မည်​သည်​ကား သ​ခင် ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။-

28. ထို့​ကြောင့်​လူ​တိုင်း​မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​၍ ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက် စေ။-

29. မုန့်​ကို​စား​၍​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​သော​အ​ခါ သ​ခင်​ဘု​ရား​၏​ကိုယ်​ခန္ဓာ အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​သိ​နား​မ​လည်​သော သူ​သည် မိ​မိ​အ​ပေါ်​အ​ပြစ်​ဒဏ်​ကျ​ရောက် စေ​ရန်​စား​သောက်​သူ​ဖြစ်​၏။-

30. ထို​အ​ကြောင်း​ကြောင့်​သင်​တို့​အ​ထဲ​တွင်​အား​အင် ချည့်​နဲ့​သူ​နှင့်​မ​ကျန်း​မ​မာ​သူ​အ​မြောက်​အ​မြား ရှိ​ပေ​သည်။ သေ​သော​သူ​အ​ချို့​လည်း​ရှိ​၏။-

31. ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

32. သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။

၁ ကော 11