21. သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။-
22. သင်တို့တွင်စားသောက်ရန်နေအိမ်မရှိသလော။ သို့တည်းမဟုတ်ဘုရားသခင်၏အသင်းတော် ကိုရှုတ်ချ၍ ဆင်းရဲသူတို့အားအရှက်ခွဲလို ကြသလော။ သင်တို့အားအဘယ်သို့ငါပြောရ မည်နည်း။ သင်တို့ကိုချီးကူးရမည်လော။ ဤ ကိစ္စတွင်အဘယ်နည်းနှင့်မျှမချီးကူးနိုင်။
23. သင်တို့အားယခုငါပေးအပ်မည့်သွန်သင် ချက်ကိုသခင်ဘုရားထံတော်မှငါရရှိ၏။ ရန်သူ့လက်သို့အပ်နှံခြင်းခံတော်မူသည့် ည၌အရှင်ယေရှုသည်မုန့်ကိုယူ၍၊-
24. ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကိုဖဲ့ တော်မူလျက် ``ဤမုန့်ကားသင်တို့အတွက်စွန့် သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုသတိရ ခြင်းငှာဤသို့ပြုကြလော့'' ဟုမိန့်တော်မူ၏။-
25. ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ဖလားကိုယူတော်မူလျက် ``ဤ ခွက်ဖလားကားငါ၏သွေးနှင့်တံဆိပ်ခတ် သောဘုရားသခင်၏ပဋိညာဉ်သစ်ဖြစ်၏။ ဤခွက်ဖလားမှစပျစ်ရည်ကိုသောက်သည့် အခါတိုင်းငါ့ကိုသတိရခြင်းငှာသောက် ကြလော့'' ဟုမိန့်တော်မူ၏။
26. သင်တို့သည်ထိုမုန့်ကိုစား၍ထိုခွက်ဖလား မှစပျစ်ရည်ကိုသောက်သည့်အခါတိုင်းသခင် ဘုရားအသေခံတော်မူကြောင်းကိုကိုယ်တော် ကြွလာတော်မူချိန်တိုင်အောင်ကြေညာကြ၏။-
27. သို့ဖြစ်၍မရိုမသေဘဲသခင်ဘုရား၏မုန့် ကိုစား၍ ကိုယ်တော်၏ခွက်ဖလားမှစပျစ် ရည်ကိုသောက်သောသူမည်သည်ကား သခင် ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။-
28. ထို့ကြောင့်လူတိုင်းမိမိကိုယ်ကိုစစ်ဆေးပြီးမှ မုန့်ကိုစား၍ ခွက်ဖလားမှစပျစ်ရည်ကိုသောက် စေ။-
29. မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။-
30. ထိုအကြောင်းကြောင့်သင်တို့အထဲတွင်အားအင် ချည့်နဲ့သူနှင့်မကျန်းမမာသူအမြောက်အမြား ရှိပေသည်။ သေသောသူအချို့လည်းရှိ၏။-
31. ငါတို့သည်မိမိတို့ကိုယ်ကိုပထမဦးစွာစစ် ဆေးကြမည်ဆိုပါမူ ဤသို့ဘုရားသခင်၏ စီရင်တော်မူခြင်းကိုခံရကြလိမ့်မည်မဟုတ်။-
32. သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
33. ထို့ကြောင့်ညီအစ်ကိုတို့၊ သခင်ဘုရား၏ပွဲတော် မင်္ဂလာကိုဝင်ရန်စုဝေးကြသောအခါ တစ်ယောက် ကိုတစ်ယောက်စောင့်ဆိုင်းကြလော့။-
34. သင်တို့စုဝေးကြသောအခါတွင်ဘုရားသခင် ၏အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့်ကင်းလွတ် နိုင်စေရန် ဆာမွတ်သောသူသည်မိမိအိမ်တွင် စားသောက်စေ။ အခြားကိစ္စများနှင့်ပတ်သက်၍ ငါလာသည့်အခါဖြေရှင်းမည်။