၁ ကော 11:19-28 Common Language Bible (BCL)

19. (သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)

20. သင်​တို့​သည်​စု​ရုံး​ကြ​သော​အ​ခါ​သ​ခင် ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ​ဝင်​ရန်​အ​တွက်​မ​ဟုတ်။-

21. သင်​တို့​တစ်​ဦး​စီ​သည်​ကိုယ့်​အ​စာ​ကို​အ​လျင် စား​ကြ​သ​ဖြင့်​ဆာ​သူ​က​ဆာ၊ သေ​သောက်​ကြူး သူ​က​ကြူး​လျက်​ရှိ​ကြ​သည်။-

22. သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။

23. သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊-

24. ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

25. ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

26. သင်​တို့​သည်​ထို​မုန့်​ကို​စား​၍​ထို​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​သောက်​သည့်​အ​ခါ​တိုင်း​သ​ခင် ဘု​ရား​အ​သေ​ခံ​တော်​မူ​ကြောင်း​ကို​ကိုယ်​တော် ကြွ​လာ​တော်​မူ​ချိန်​တိုင်​အောင်​ကြေ​ညာ​ကြ​၏။-

27. သို့​ဖြစ်​၍​မ​ရို​မ​သေ​ဘဲ​သ​ခင်​ဘု​ရား​၏​မုန့် ကို​စား​၍ ကိုယ်​တော်​၏​ခွက်​ဖ​လား​မှ​စ​ပျစ် ရည်​ကို​သောက်​သော​သူ​မည်​သည်​ကား သ​ခင် ဘု​ရား​၏​ကိုယ်​ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်​မှား​ရာ​ရောက်​၏။-

28. ထို့​ကြောင့်​လူ​တိုင်း​မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ပြီး​မှ မုန့်​ကို​စား​၍ ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက် စေ။-

၁ ကော 11