၁ ကော 11:15-24 Common Language Bible (BCL)

15. အ​မျိုး​သ​မီး​အ​တွက်​မှာ​မူ​လှ​ပ​တင့်​တယ်​ဖွယ် ရာ​ဖြစ်​ကြောင်း သ​ဘာ​ဝ​ဋ္ဌမ္မ​က​ပင်​သွန်​သင်​ပေး သည်​မ​ဟုတ်​ပါ​လော။ ဆံ​ပင်​ရှည်​ကို​အ​မျိုး သ​မီး​အား​ခြုံ​ထည်​အ​ဖြစ်​ပေး​ထား​ခြင်း​ဖြစ်​၏။-

16. ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍​စော​ဒ​က​တက်​လို​သူ အား​ငါ​တို့​၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏ အ​သင်း​တော်​များ​၌​လည်း​ကောင်း ယင်း​သို့ ခေါင်း​ဖုံး​အုပ်​သည့်​ထုံး​စံ​မှ​လွဲ​၍​အ​ခြား ထုံး​စံ​မ​ရှိ​ကြောင်း​ငါ​ဖြေ​ဆို​အံ့။

17. သို့​ရာ​တွင်​အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို ပေး​ရာ​တွင်​သင်​တို့​အား​ငါ​မ​ချီး​မွမ်း။ သင် တို့​၏​ဝတ်​ပြု​ခြင်း​များ​သည်​ကောင်း​ကျိုး​ထက် ဆိုး​ကျိုး​ကို​ပေး​နေ​၏။-

18. ပ​ထ​မ​အ​ချက်​အ​နေ​ဖြင့်​သင်​တို့​၏​အ​သင်း တော်​အ​စည်း​ဝေး​များ​၌ စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​ပေ​သည်။ ကြား​ရ သည့်​အ​တိုင်း​အ​ချို့​တစ်​ဝက်​မှန်​လိမ့်​မည်။-

19. (သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)

20. သင်​တို့​သည်​စု​ရုံး​ကြ​သော​အ​ခါ​သ​ခင် ဘု​ရား​၏​ပွဲ​တော်​မင်္ဂ​လာ​ဝင်​ရန်​အ​တွက်​မ​ဟုတ်။-

21. သင်​တို့​တစ်​ဦး​စီ​သည်​ကိုယ့်​အ​စာ​ကို​အ​လျင် စား​ကြ​သ​ဖြင့်​ဆာ​သူ​က​ဆာ၊ သေ​သောက်​ကြူး သူ​က​ကြူး​လျက်​ရှိ​ကြ​သည်။-

22. သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။

23. သင်​တို့​အား​ယ​ခု​ငါ​ပေး​အပ်​မည့်​သွန်​သင် ချက်​ကို​သ​ခင်​ဘု​ရား​ထံ​တော်​မှ​ငါ​ရ​ရှိ​၏။ ရန်​သူ့​လက်​သို့​အပ်​နှံ​ခြင်း​ခံ​တော်​မူ​သည့် ည​၌​အ​ရှင်​ယေ​ရှု​သည်​မုန့်​ကို​ယူ​၍၊-

24. ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို​ဖဲ့ တော်​မူ​လျက် ``ဤ​မုန့်​ကား​သင်​တို့​အ​တွက်​စွန့် သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​သ​တိ​ရ ခြင်း​ငှာ​ဤ​သို့​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

၁ ကော 11