4. ဋ္ဌမ္မရေစာတစ်မျိုးတည်းကိုသောက်ကြရ၏။ သူ တို့အားလုံးပင်မိမိတို့နှင့်လိုက်ပါလာသော ဋ္ဌမ္မကျောက်မှရေကိုသောက်သုံးကြရ၏။ ထို ကျောက်ကားခရစ်တော်ပင်ဖြစ်သတည်း။-
5. သို့ဖြစ်စေကာမူထိုသူတို့အနက်လူအများ တို့အားဘုရားသခင်နှစ်သက်တော်မမူ။ ထို့ ကြောင့်သူတို့သည်တောကန္တာရ၌သေကြေ ပျက်စီးကြ၏။
8. ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ကာမ ဂုဏ်မလိုက်စားကြရ။ သူတို့အနက်တစ် ရက်အတွင်းလူနှစ်သောင်းသုံးထောင်မျှသေ ကြ၏။-
9. ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ထာဝရ ဘုရားရှင်အား အကဲမစမ်းကြနှင့်။ သူတို့ ကားမြွေကိုက်၍သေခဲ့ကြလေပြီ။-
10. သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
11. ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
12. မိမိခိုင်မြဲစွာရပ်တည်လျက်နေသည်ဟုထင် သောသူသည်မယိုင်မလဲစေရန်သတိပြု ရ၏။-