17. မုန့်သည်တစ်လုံးတည်းဖြစ်၏။ ထိုမုန့်တစ်လုံး တည်းကိုဆက်ဆံသုံးဆောင်ကြသောကြောင့် ငါ တို့သည်အရေအတွက်အားဖြင့်များသော် လည်းတစ်ကိုယ်တည်းဖြစ်ကြ၏။
18. ယုဒအမျိုးသားတို့ကိုကြည့်ရှုဆင်ခြင်ကြ လော့။ သူတို့သည်ယဇ်ကောင်၏အသားကိုစား သဖြင့်ယဇ်ပလ္လင်ပေါ်ပူဇော်ခြင်းတွင်ပါဝင် ကြ၏။-
19. သို့ဖြစ်၍ရုပ်တုသို့မဟုတ်ရုပ်တုအားပူဇော် သောအစားအစာအရေးကြီးသည်ဟုငါ ဆိုလိုသလော။-
20. ဤသို့ငါမဆိုလို။ ဘုရားသခင်ကိုမကိုးကွယ် သူတို့ပူဇော်သောယဇ်သည် နတ်မိစ္ဆာများအားပူ ဇော်သောယဇ်သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ကြောင်းကိုသာလျှင်ငါ ဆိုလို၏။ ငါသည်သင်တို့အားနတ်မိစ္ဆာများနှင့် မဆက်ဆံစေလို။-
21. သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။-
22. ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
23. ``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။-
24. အဘယ်သူမျှကိုယ်ကျိုးကိုမရှာစေနှင့်။ သူ တစ်ပါး၏အကျိုးကိုသာလျှင်ရှာစေ။
25. သင်တို့၏သြတ္တပ္ပစိတ်ကိုထောက်၍ စျေးတွင်ရောင်း သည့်အမဲသားကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲဝယ်၍စားကြလော့။-
26. အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။
27. အကယ်၍မယုံကြည်သူလူတစ်ယောက်က သင်တို့အား ဧည့်ခံကျွေးမွေးရန်ခေါ်ဖိတ်သော အခါသင်တို့သွားလိုကသွားကြလော့။ မိမိ တို့၏သြတ္တပ္ပစိတ်ကိုထောက်၍တည်ခင်းကျွေး မွေးသမျှတို့ကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲစားလော့။-
28. သို့ရာတွင်လူတစ်စုံတစ်ယောက်က``ဤအရာ သည်ယဇ်ပူဇော်သောအသားဖြစ်သည်'' ဟု ဆိုပါမူယင်းသို့ပြောဆိုသူကိုလည်းကောင်း၊ သြတ္တပ္ပစိတ်ကိုလည်းကောင်းထောက်၍ထို အသားကိုမစားကြနှင့်။-
29. သြတ္တပ္ပစိတ်ဆိုရာ၌သင်တို့၏သြတ္တပ္ပစိတ်ကို မဆိုလို။ လာပြောသူ၏သြတ္တပ္ပစိတ်ကိုဆို လို၏။သင်တို့တွင်လူတစ်စုံတစ်ယောက်က``ငါ၏ လွတ်လပ်မှုကိုအဘယ်ကြောင့်သူတစ်ပါး ၏သြတ္တပ္ပစိတ်ကချုပ်ချယ်ရပါသနည်း။-
30. အကယ်၍ငါသည်မိမိစားသောက်သည့်အစား အစာအတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်း၏။ ထိုသို့ကျေးဇူးတော်ကိုချီးမွမ်း ၍စားသောက်သည့်အစားအစာနှင့်ပတ်သက်၍ ငါ့အားသူတစ်ပါးကအဘယ်ကြောင့်ဝေဖန် ရပါမည်နည်း'' ဟုမေးလိုပေလိမ့်မည်။