၁ ကော 10:15-20 Common Language Bible (BCL)

15. သင်​တို့​အား​အ​သိ​အ​လိမ္မာ​ရှိ​သူ​များ​အ​နေ ဖြင့်​ငါ​ပြော​နေ​ခြင်း​ဖြစ်​၏။ ငါ့​စ​ကား​ကို စဉ်း​စား​ဆင်​ခြင်​ကြ​လော့။-

16. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-

17. မုန့်​သည်​တစ်​လုံး​တည်း​ဖြစ်​၏။ ထို​မုန့်​တစ်​လုံး တည်း​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သော​ကြောင့် ငါ တို့​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​များ​သော် လည်း​တစ်​ကိုယ်​တည်း​ဖြစ်​ကြ​၏။

18. ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ လော့။ သူ​တို့​သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား သ​ဖြင့်​ယဇ်​ပလ္လင်​ပေါ်​ပူ​ဇော်​ခြင်း​တွင်​ပါ​ဝင် ကြ​၏။-

19. သို့​ဖြစ်​၍​ရုပ်​တု​သို့​မ​ဟုတ်​ရုပ်​တု​အား​ပူ​ဇော် သော​အ​စား​အ​စာ​အ​ရေး​ကြီး​သည်​ဟု​ငါ ဆို​လို​သ​လော။-

20. ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-

၁ ကော 10