10. သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
11. ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
12. မိမိခိုင်မြဲစွာရပ်တည်လျက်နေသည်ဟုထင် သောသူသည်မယိုင်မလဲစေရန်သတိပြု ရ၏။-
13. သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
14. သို့ဖြစ်၍ချစ်သူတို့၊ ရုပ်တုကိုးကွယ်မှုကို ရှောင်ကြဉ်ကြလော့။-
15. သင်တို့အားအသိအလိမ္မာရှိသူများအနေ ဖြင့်ငါပြောနေခြင်းဖြစ်၏။ ငါ့စကားကို စဉ်းစားဆင်ခြင်ကြလော့။-
16. ငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ ပွဲတော်ခွက်ဖလားမှစပျစ်ရည်ကို သောက်ကြသောအခါ ခရစ်တော်၏သွေးတော်ကို ဆက်ဆံသုံးဆောင်ကြသည်မဟုတ်လော။ မုန့်ကို စားသောအခါ၌လည်း ခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုဆက်ဆံသုံးဆောင်ကြသည်မဟုတ် လော။-
17. မုန့်သည်တစ်လုံးတည်းဖြစ်၏။ ထိုမုန့်တစ်လုံး တည်းကိုဆက်ဆံသုံးဆောင်ကြသောကြောင့် ငါ တို့သည်အရေအတွက်အားဖြင့်များသော် လည်းတစ်ကိုယ်တည်းဖြစ်ကြ၏။
18. ယုဒအမျိုးသားတို့ကိုကြည့်ရှုဆင်ခြင်ကြ လော့။ သူတို့သည်ယဇ်ကောင်၏အသားကိုစား သဖြင့်ယဇ်ပလ္လင်ပေါ်ပူဇော်ခြင်းတွင်ပါဝင် ကြ၏။-
19. သို့ဖြစ်၍ရုပ်တုသို့မဟုတ်ရုပ်တုအားပူဇော် သောအစားအစာအရေးကြီးသည်ဟုငါ ဆိုလိုသလော။-
20. ဤသို့ငါမဆိုလို။ ဘုရားသခင်ကိုမကိုးကွယ် သူတို့ပူဇော်သောယဇ်သည် နတ်မိစ္ဆာများအားပူ ဇော်သောယဇ်သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ကြောင်းကိုသာလျှင်ငါ ဆိုလို၏။ ငါသည်သင်တို့အားနတ်မိစ္ဆာများနှင့် မဆက်ဆံစေလို။-
21. သင်တို့သည်သခင်ဘုရား၏ခွက်ဖလားမှ စပျစ်ရည်ကိုသောက်၍ နတ်မိစ္ဆာ၏ခွက်ဖလား မှစပျစ်ရည်ကိုလည်းမသောက်နိုင်။ သခင် ဘုရား၏စားပွဲတော်၌စား၍နတ်မိစ္ဆာများ ၏စားပွဲ၌လည်းမစားနိုင်။-
22. ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။
23. ``ငါတို့တွင်အဘယ်အမှုကိုမဆိုပြုနိုင်ခွင့် ရှိ၏'' ဟုဆိုကြသည်အတိုင်းမှန်သော်လည်း အရာခပ်သိမ်းသည်ကောင်းမွန်သည်မဟုတ်။``ငါ တို့တွင်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့်ရှိ၏'' ဟုဆိုသော်လည်းအရာခပ်သိမ်းသည်ငါတို့ အကျိုးကိုပြုစုပေးသည်မဟုတ်။-
24. အဘယ်သူမျှကိုယ်ကျိုးကိုမရှာစေနှင့်။ သူ တစ်ပါး၏အကျိုးကိုသာလျှင်ရှာစေ။
25. သင်တို့၏သြတ္တပ္ပစိတ်ကိုထောက်၍ စျေးတွင်ရောင်း သည့်အမဲသားကိုစစ်ဆေးမေးမြန်းခြင်းမပြု ဘဲဝယ်၍စားကြလော့။-
26. အဘယ်ကြောင့်ဆိုသော်``ဤလောကနှင့်တကွ လောက၌ရှိသမျှသောအရာတို့ကိုထာဝရ ဘုရားပိုင်တော်မူ၏'' ဟုကျမ်းစာတော်ကဆို၏။