1. ညီအစ်ကိုတို့၊ မောရှေဦးဆောင်သောငါတို့၏ ဘိုးဘေးများအကြောင်းကိုသတိရစေလို၏။ သူတို့သည်မိုးတိမ်၏အကွယ်အကာရ၍ ပင်လယ်နီကိုဘေးမဲ့လုံခြုံစွာဖြတ်သန်းခဲ့ ကြ၏။-
2. သူတို့သည်ထိုမိုးတိမ်နှင့်ပင်လယ်ထဲ၌မောရှေ ၏တပည့်များအဖြစ်ဗတ္တိဇံမင်္ဂလာခံယူ ကြ၏။-
3. သူတို့အားလုံးပင်ဋ္ဌမ္မအစာတစ်မျိုးတည်း ကိုစားကြရ၏။-
4. ဋ္ဌမ္မရေစာတစ်မျိုးတည်းကိုသောက်ကြရ၏။ သူ တို့အားလုံးပင်မိမိတို့နှင့်လိုက်ပါလာသော ဋ္ဌမ္မကျောက်မှရေကိုသောက်သုံးကြရ၏။ ထို ကျောက်ကားခရစ်တော်ပင်ဖြစ်သတည်း။-
5. သို့ဖြစ်စေကာမူထိုသူတို့အနက်လူအများ တို့အားဘုရားသခင်နှစ်သက်တော်မမူ။ ထို့ ကြောင့်သူတို့သည်တောကန္တာရ၌သေကြေ ပျက်စီးကြ၏။
8. ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ကာမ ဂုဏ်မလိုက်စားကြရ။ သူတို့အနက်တစ် ရက်အတွင်းလူနှစ်သောင်းသုံးထောင်မျှသေ ကြ၏။-
9. ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ထာဝရ ဘုရားရှင်အား အကဲမစမ်းကြနှင့်။ သူတို့ ကားမြွေကိုက်၍သေခဲ့ကြလေပြီ။-
10. သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
11. ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
12. မိမိခိုင်မြဲစွာရပ်တည်လျက်နေသည်ဟုထင် သောသူသည်မယိုင်မလဲစေရန်သတိပြု ရ၏။-
13. သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။