9. ဘုရားသခင်သည်သစ္စာစောင့်တော်မူ၏။ ကိုယ်တော် သည်သင်တို့အားမိမိ၏သားတော်တည်းဟူသော ငါတို့အရှင်သခင်ယေရှုခရစ်နှင့်မိတ်သဟာယ ဖွဲ့စေရန် သင်တို့ကိုရွေးကောက်တော်မူပေသည်။
10. ညီအစ်ကိုတို့၊ ငါတို့အရှင်သခင်ယေရှုခရစ် ၏နာမတော်ကိုအမှီပြု၍သင်တို့အားတောင်း ပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမရှိစေရန်သင် တို့စကားအပြောအဆိုတွင်ညီညွတ်မှုရှိ ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့်စည်းလုံး မှုရှိကြလော့။-
11. ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်း ခိုက်ရန်ဖြစ်လျက်ရှိကြကြောင်းကို ကလောဣ ၏အိမ်သူအိမ်သားများထံမှငါကြားသိ ရ၏။-