၁ ကော 1:26-30 Common Language Bible (BCL)

26. ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင်​ရွေး​ကောက်​တော် မူ​ခြင်း​မ​ခံ​ရ​မီ အ​ခြေ​အ​နေ​ကို​စဉ်း​စား​ဆင် ခြင်​ကြ​လော့။ လူ​တို့​အ​မြင်​အား​ဖြင့်​သင်​တို့ အ​ထဲ​တွင်​ပ​ညာ​ရှိ​သူ၊ တန်​ခိုး​ကြီး​သူ၊ မျိုး​ရိုး ဇာ​တိ​ကြီး​မြင့်​သူ​ဟူ​၍​များ​စွာ​မ​ပါ​မ​ရှိ ပေ။-

27. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ပ​ညာ​ရှိ​တို့ အ​ရှက်​ရ​စေ​ရန် လော​က​တွင်​မိုက်​မဲ​မှု​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ရွေး​ချယ်​တော် မူ​၏။-

28. လော​က​တွင်​အ​ရေး​ပါ​အ​ရာ​ရောက်​သည်​ဟု ယူ​ဆ​ရ​သည့်​အ​ရာ​များ​ကို​ဖျက်​ဆီး​ရန် အ​ထင် သေး​အ​မြင်​သေး​ခံ​ရ​သည့်​အ​ရာ၊ မ​ထီ​မဲ့​မြင် ပြု​ခြင်း​ခံ​ရ​သည့်​အ​ရာ၊ မ​ရေ​ရာ​သည့်​အ​ရာ တို့​ကို​ရွေး​ချယ်​တော်​မူ​၏။-

29. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ဘယ် သူ​မျှ​ဝါ​ကြွား​စ​ရာ​မ​ရှိ။-

30. ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ခ​ရစ်​တော် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​တော် မူ​၏။ ခ​ရစ်​တော်​အား​ငါ​တို့​၏​ဉာဏ်​ပ​ညာ ဖြစ်​စေ​တော်​မူ​၏။ ကိုယ်​တော်​အား​ဖြင့်​ဘု​ရား သ​ခင်​သည် ငါ​တို့​ကို​မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၍ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဖြစ်​လျက်​လွတ်​မြောက်​ခွင့်​ကို​ရ​ရှိ ကြ​၏။-

၁ ကော 1