15. သို့ဖြစ်၍သင်တို့သည်ငါ၏နာမကိုအမှီပြု ၍ဗတ္တိဇံခံယူကြသည်ဟုအဘယ်သူမျှ မပြောနိုင်။-
16. (သတေဖန်၏အိမ်သူအိမ်သားတို့ကိုလည်း ငါဗတ္တိဇံပေးခဲ့သည်။ ထိုသူတို့မှလွဲ၍ အခြားမည်သူ့ကိုမျှဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။-)
17. ခရစ်တော်ငါ့ကိုစေလွှတ်တော်မူသည်မှာ ဗတ္တိဇံပေးရန်မဟုတ်။ ခရစ်တော်လက်ဝါးကပ် တိုင်တွင်အသေခံခြင်းတန်ခိုးမပျက်မပြယ် စေရန် လူတို့၏ဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုအသုံးမပြုဘဲသတင်းကောင်းကို ကြေညာရန်ဖြစ်သည်။
18. လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
19. အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင်``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်''ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။-
20. သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
21. လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
22. ယုဒအမျိုးသားတို့ကနိမိတ်လက္ခဏာများ ကိုတောင်းခံကြ၏။ ဂရိအမျိုးသားတို့က ဉာဏ်ပညာကိုရှာဖွေကြ၏။-
23. ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
24. သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-
25. ဘုရားသခင်၏ဉာဏ်ပညာမဲ့မှုဟုထင်ရ သောအရာသည် လူတို့ဉာဏ်ပညာရှိမှုထက် ပို၍ထက်မြက်၏။ ဘုရားသခင်၏အားနည်းမှု ဟုထင်ရသောအရာသည်လူတို့၏စွမ်းသန် မှုထက်ပို၍အားကြီး၏။
26. ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ရွေးကောက်တော် မူခြင်းမခံရမီ အခြေအနေကိုစဉ်းစားဆင် ခြင်ကြလော့။ လူတို့အမြင်အားဖြင့်သင်တို့ အထဲတွင်ပညာရှိသူ၊ တန်ခိုးကြီးသူ၊ မျိုးရိုး ဇာတိကြီးမြင့်သူဟူ၍များစွာမပါမရှိ ပေ။-
27. သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-
28. လောကတွင်အရေးပါအရာရောက်သည်ဟု ယူဆရသည့်အရာများကိုဖျက်ဆီးရန် အထင် သေးအမြင်သေးခံရသည့်အရာ၊ မထီမဲ့မြင် ပြုခြင်းခံရသည့်အရာ၊ မရေရာသည့်အရာ တို့ကိုရွေးချယ်တော်မူ၏။-
29. သို့ဖြစ်၍ဘုရားသခင်ရှေ့တော်၌အဘယ် သူမျှဝါကြွားစရာမရှိ။-
30. ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
31. ထို့ကြောင့်ကျမ်းစာလာသည်နှင့်အညီမည်သူ မဆိုဝါကြွားလိုလျှင် ဘုရားရှင်ပြုတော်မူ သောအမှုတော်အတွက်သာလျှင်ဝါကြွားစေ။