15. သို့ဖြစ်၍သင်တို့သည်ငါ၏နာမကိုအမှီပြု ၍ဗတ္တိဇံခံယူကြသည်ဟုအဘယ်သူမျှ မပြောနိုင်။-
16. (သတေဖန်၏အိမ်သူအိမ်သားတို့ကိုလည်း ငါဗတ္တိဇံပေးခဲ့သည်။ ထိုသူတို့မှလွဲ၍ အခြားမည်သူ့ကိုမျှဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။-)
17. ခရစ်တော်ငါ့ကိုစေလွှတ်တော်မူသည်မှာ ဗတ္တိဇံပေးရန်မဟုတ်။ ခရစ်တော်လက်ဝါးကပ် တိုင်တွင်အသေခံခြင်းတန်ခိုးမပျက်မပြယ် စေရန် လူတို့၏ဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုအသုံးမပြုဘဲသတင်းကောင်းကို ကြေညာရန်ဖြစ်သည်။
18. လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
19. အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်တွင်``ပညာရှိတို့၏ဉာဏ်ပညာကိုငါဖျက်ဆီးမည်။အသိပညာရှင်တို့၏အသိပညာကိုလည်း ငါပယ်ရှားမည်''ဟုရေးသားဖော်ပြထားသောကြောင့်ဖြစ်၏။-
20. သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
21. လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
22. ယုဒအမျိုးသားတို့ကနိမိတ်လက္ခဏာများ ကိုတောင်းခံကြ၏။ ဂရိအမျိုးသားတို့က ဉာဏ်ပညာကိုရှာဖွေကြ၏။-
23. ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။-
24. သို့ရာတွင်ယုဒအမျိုးသားဖြစ်စေ၊ လူမျိုးခြား ဖြစ်စေရွေးကောက်တော်မူခြင်းခံကြရသူတို့ အတွက်မူကား ခရစ်တော်သည်ဘုရားသခင်၏ တန်ခိုးတော်၊ ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ်ပေသည်။-