၁ ကော 1:1-10 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ၊ ခ​ရစ်​တော် ယေ​ရှု​၏​တ​မန်​တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ သော​ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​သု​ဿင်​ထံ​မှ၊-

2. ကော​ရိန္သု​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း၊ အ​ရပ် ခပ်​သိမ်း​မှ​ငါ​တို့​၏​အ​ရှင်​နှင့်​သူ​တို့​၏​အ​ရှင် ဖြစ်​တော်​မူ​သော​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကို​ကိုး​ကွယ် သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ခ​ရစ်​တော်​ယေ​ရှု​နှင့် တစ်​လုံး​တစ်​ဝ​တည်း​ရှိ​သော​အား​ဖြင့် ဘု​ရား သ​ခင်​၏​လူ​စု​တော်​အ​ဖြစ်​ရွေး​ချယ်​ခြင်း ခံ​ရ​ကြ​သူ​အ​ပေါင်း​တို့​ထံ​သို့​လည်း​ကောင်း စာ​ရေး​လိုက်​ပါ​သည်။

3. ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​အ​ရှင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​သည် သင်​တို့​အ​ပေါ်​သို့​သက်​ရောက်​ပါ စေ​သော။

4. ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။-

5. သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ရှိ​သ​ဖြင့်​နှုတ်​သတ္တိ၊ ဉာဏ်​သတ္တိ​နှင့်​တ​ကွ​အ​စ​စ အ​ရာ​ရာ​တွင်​ကြွယ်​ဝ​ပြည့်​စုံ​လျက်​ရှိ​ကြ​၏။-

6. ငါ​တို့​ဟော​ပြော​ကြေ​ညာ​သည့်​ခ​ရစ်​တော် အ​ကြောင်း​သ​တင်း​ကောင်း​သည် သင်​တို့​အ​ထဲ တွင်​အ​မြစ်​စွဲ​လျက်​ရှိ​၏။-

7. သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။-

8. ငါ​တို့​အရှင်​ယေ​ရှု​ခ​ရစ်​တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​တွင် သင်​တို့​သည်​အ​ပြစ်​နှင့်​ကင်း​စင်​စေ​ရန် ကိုယ်​တော်​သည်​သင်​တို့​အား​အ​ဆုံး​တိုင်​အောင် တည်​ကြည်​စေ​တော်​မူ​လိမ့်​မည်။-

9. ဘု​ရား​သ​ခင်​သည်​သစ္စာ​စောင့်​တော်​မူ​၏။ ကိုယ်​တော် သည်​သင်​တို့​အား​မိ​မိ​၏​သား​တော်​တည်း​ဟူ​သော ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ရန် သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။

10. ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​သင်​တို့​အား​တောင်း ပန်​ပါ​၏။ စိတ်​ဝမ်း​ကွဲ​ပြား​မှု​မ​ရှိ​စေ​ရန်​သင် တို့​စ​ကား​အ​ပြော​အ​ဆို​တွင်​ညီ​ညွတ်​မှု​ရှိ ကြ​လော့။ တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြင့်​စည်း​လုံး မှု​ရှိ​ကြ​လော့။-

၁ ကော 1