29. ထိုနောက်အဘိဟဲလ၏သမီးမိဖုရား ဧသတာနှင့်မော်ဒကဲတို့သည် ပုရပွဲတော် နှင့်ပတ်သက်၍မော်ဒကဲရေးသားပေးပို့ခဲ့ သည့်စာကိုဧသတာ၏အာဏာဖြင့်အတည် ပြုရန်စာရေးကြ၏။-
30. ထိုစာမိတ္တူကိုပေရသိအင်ပါယာနိုင်ငံ တော်အတွင်းတစ်ရာ့နှစ်ဆယ်ခုနစ်ပြည်နယ် များရှိယုဒအမျိုးသားအပေါင်းတို့ထံ ပေးပို့လေသည်။ ထိုစာတွင်ယုဒအမျိုး သားတို့အားဘေးရန်ကင်း၍အေးချမ်း စေကြောင်းဆုမွန်တောင်းပြီးနောက်၊-
31. အချိန်ကျရောက်သောအခါမိမိတို့ သဘောတူပြဋ္ဌာန်းခဲ့သည်နှင့်အညီ သူ တို့နှင့်သူတို့၏သားမြေးများသည်အစာ ရှောင်ခြင်း၊ ဝမ်းနည်းမြည်တမ်းခြင်းတို့ကို ပြုသည့်ပြင်ပုရနေ့များကိုစောင့်ရန်ညွှန် ကြားလေသည်။ ဤညွှန်ကြားချက်သည် မိဖုရားဧသတာနှင့်ယုဒအမျိုးသား မော်ဒကဲတို့အမိန့်ထုတ်ပြန်ချက်ဖြစ် သည်။-
32. ပုရပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်များကို ဧသတာ၏အမိန့်အရအတည်ပြု၍ စာလိပ်တွင်ရေးသားထားသတည်း။