2. အင်ပါယာနိုင်ငံတော်အတွင်းမြို့တိုင်း၌ ယုဒအမျိုးသားများသည် ဘေးအန္တရာယ် ပြုမည့်သူတို့ကိုတိုက်ခိုက်ရန်မိမိတို့ရပ် ကွက်များတွင်စုရုံးလျက်နေကြ၏။ အရပ် ရပ်ရှိလူတို့သည်သူတို့အားကြောက်လန့် ကြ၏။ အဘယ်သူမျှသူတို့ကိုခုခံ တိုက်ခိုက်နိုင်စွမ်းမရှိချေ။-
3. အမှန်အားဖြင့်ဆိုသော်အုပ်ချုပ်ရေးမှူး များ၊ ဘုရင်ခံများနှင့်ဘုရင့်အမှုတော် ထမ်းများဖြစ်သည့်ပြည်နယ်အရာရှိ အပေါင်းတို့သည် မော်ဒကဲကိုကြောက်လန့် သဖြင့်ယုဒအမျိုးသားတို့အားကူညီ ကြလေသည်။-
4. ယခုအခါမော်ဒကဲသည်နန်းတော်တွင် တန်ခိုးကြီးသူတစ်ဦးဖြစ်ကြောင်း၊ သူ ၏တန်ခိုးအာဏာသည်တစ်နေ့တစ်ခြား တိုးတက်လာကြောင်းအင်ပါယာနိုင်ငံ တော်တွင်ကျော်ကြားလျက်ရှိသဖြင့်၊-
5. ယုဒအမျိုးသားများသည်ရန်သူများကို ပြုလိုသမျှပြုနိုင်ကြ၏။ ထို့ကြောင့်သူတို့ သည်ရန်သူများကိုဋ္ဌားဖြင့်သတ်ဖြတ်ကြ၏။
6. မြို့တော်ရှုရှန်၌ပင်လျှင်ယုဒအမျိုးသား တို့သည် လူပေါင်းငါးရာကိုသတ်လိုက်ကြ လေသည်။-
11. ထိုနေ့၌ရှုရှန်မြို့တွင်အသတ်ခံရသည့် လူဦးရေကို မင်းကြီးအားသံတော်ဦး တင်ကြ၏။-
12. ထိုအခါမင်းကြီးသည်မိဖုရားဧသတာ အား``ရှုရှန်တစ်မြို့တည်း၌ပင်ယုဒအမျိုး သားတို့သည် ဟာမန်၏သားတစ်ကျိပ်အပါ အဝင်လူပေါင်းငါးရာကိုသတ်ဖြတ်လိုက် ကြလေပြီ။ သူတို့သည်ပြည်နယ်များတွင် အဘယ်မျှသတ်ဖြတ်ကြဦးမည်နည်း။ ယခုသင်သည်အဘယ်အရာကိုအလို ရှိပါသနည်း။ ငါပေးမည်။ အဘယ်ဆုကို တောင်းလိုပါသေးသနည်း။ ငါပေးမည်'' ဟုမိန့်တော်မူ၏။
13. ဧသတာက``အရှင်မင်းကြီးသဘောတူ တော်မူပါလျှင်ယနေ့ရှုရှန်မြို့တွင်ယုဒ အမျိုးသားများပြုခဲ့သည့်အတိုင်းနက် ဖြန်ခါ၌လည်းပြုခွင့်ပေးတော်မူပါ။ ထို နောက်ဟာမန်၏သားတစ်ကျိပ်၏အလောင်း များကိုလည်ဆွဲတိုင်တွင်ဆွဲထားစေတော် မူပါ'' ဟုပြန်လည်လျှောက်ထား၏။-