17. ထိုနေ့ကားအာဒါလဆယ့်သုံးရက်နေ့ ဖြစ်သတည်း။ ဆယ့်လေးရက်နေ့၌သူတို့ သည်သတ်ဖြတ်မှုကိုမပြုကြတော့ဘဲ ရွှင်လန်းသောစားသောက်ပွဲကိုကျင်းပ ကြကုန်၏။-
18. ရှုရှန်မြို့ရှိယုဒအမျိုးသားတို့မူကား ဆယ့်သုံးရက်နှင့်ဆယ့်လေးရက်တွင်ရန်သူ များကိုသတ်ဖြတ်၍ ဆယ့်ငါးရက်နေ့တွင် ရပ်နားကာထိုနေ့၌ရွှင်လန်းသောစား သောက်ပွဲကိုကျင်းပကြလေသည်။-
19. တံတိုင်းမရှိသည့်မြို့ငယ်များတွင်နေထိုင် ကြသည့်ယုဒအမျိုးသားတို့သည် အာဒါ လဆယ့်လေးရက်နေ့ကိုပျော်ရွှင်ရာမင်္ဂလာ နေ့၊ အချင်းချင်းအစားအစာလက်ဆောင် များပေးကမ်းရာနေ့အဖြစ်ကျင်းပကြ သတည်း။
20. မော်ဒကဲသည်ဤအဖြစ်အပျက်များကို မှတ်တမ်းတင်၍ထားစေ၏။ သူသည်ပေရသိ အင်ပါယာနိုင်ငံတော်အတွင်းရပ်နီးရပ် ဝေးရှိယုဒအမျိုးသားအပေါင်းတို့အား၊-
21. နှစ်တိုင်းအာဒါလဆယ့်သုံးရက်နှင့်ဆယ့် လေးရက်နေ့ကို ပျော်ရွှင်ရာနေ့များအဖြစ် ကျင်းပရန်အမှာစာများရေးသားပေး ပို့လိုက်လေသည်။-
22. ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။-
23. ယုဒအမျိုးသားတို့သည်မော်ဒကဲ၏ညွှန် ကြားချက်များကိုလိုက်နာကြသဖြင့် ထို ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းကျင်းပသည့် ဋ္ဌလေ့ထုံးစံဖြစ်လာသည်။
24. အာဂတ်မှဆင်းသက်သူဟမ္မေဒါသ၏သား ဟာမန်သည်ပုရဟုခေါ်သည့်မဲစနစ်ဖြင့် ယုဒ အမျိုးသားတို့အားသတ်ဖြတ်ရန်နေ့ရက် ကိုရွေးချယ်ခဲ့၏။ သူတို့တစ်မျိုးလုံးကို သုတ်သင်ပယ်ရှင်းရန်ကြံစည်ခဲ့၏။-
25. သို့ရာတွင်ဧသတာသည်မင်းကြီးထံတော် သို့ဝင်ရောက်လျှောက်ထားရာမင်းကြီးသည် ကြေညာချက်ထုတ်ပြန်တော်မူသဖြင့် ဟာမန် သည်ယုဒအမျိုးသားတို့အတွက်ကြံစည် ခဲ့သည့်ဘေးဆိုးကိုမိမိပင်ကြုံတွေ့ရလေ ၏။ သူနှင့်သူ၏သားတစ်ကျိပ်သည်လည်ဆွဲ တိုင်၌ကွပ်မျက်ခြင်းခံရကြ၏။-