ဧ​သ​တာ 9:1-6 Common Language Bible (BCL)

1. အာ​ဒါ​လ​ဆယ့်​သုံး​ရက်​နေ့​ကျ​ရောက်​လာ​၏။ ထို​နေ့​ရက်​သည်​ဘု​ရင့်​ကြေ​ညာ​ချက်​စ​တင် အ​တည်​ဖြစ်​သည့်​နေ့၊ မိ​မိ​တို့​လက်​တွင်း​သို့ ယု​ဒ​အ​မျိုး​သား​များ​ရောက်​ရှိ​လာ​ရန်​အ တွက်​ရန်​သူ​တို့​စောင့်​မျှော်​နေ​သော​နေ့​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​မျှော်​လင့်​သည့်​အ​တိုင်း မ​ဖြစ်​ဘဲ​ယု​ဒ​အ​မျိုး​သား​တို့​က​သူ တို့​အား​အ​နိုင်​ရ​ကြ​လေ​သည်။-

2. အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​မြို့​တိုင်း​၌ ယု​ဒ​အ​မျိုး​သား​များ​သည် ဘေး​အန္တ​ရာယ် ပြု​မည့်​သူ​တို့​ကို​တိုက်​ခိုက်​ရန်​မိ​မိ​တို့​ရပ် ကွက်​များ​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။ အ​ရပ် ရပ်​ရှိ​လူ​တို့​သည်​သူ​တို့​အား​ကြောက်​လန့် ကြ​၏။ အ​ဘယ်​သူ​မျှ​သူ​တို့​ကို​ခု​ခံ တိုက်​ခိုက်​နိုင်​စွမ်း​မ​ရှိ​ချေ။-

3. အ​မှန်​အား​ဖြင့်​ဆို​သော်​အုပ်​ချုပ်​ရေး​မှူး များ၊ ဘု​ရင်​ခံ​များ​နှင့်​ဘု​ရင့်​အ​မှု​တော် ထမ်း​များ​ဖြစ်​သည့်​ပြည်​နယ်​အ​ရာ​ရှိ အ​ပေါင်း​တို့​သည် မော်​ဒ​ကဲ​ကို​ကြောက်​လန့် သ​ဖြင့်​ယု​ဒ​အ​မျိုး​သား​တို့​အား​ကူ​ညီ ကြ​လေ​သည်။-

4. ယ​ခု​အ​ခါ​မော်​ဒ​ကဲ​သည်​နန်း​တော်​တွင် တန်​ခိုး​ကြီး​သူ​တစ်​ဦး​ဖြစ်​ကြောင်း၊ သူ ၏​တန်​ခိုး​အာ​ဏာ​သည်​တစ်​နေ့​တစ်​ခြား တိုး​တက်​လာ​ကြောင်း​အင်​ပါ​ယာ​နိုင်​ငံ တော်​တွင်​ကျော်​ကြား​လျက်​ရှိ​သ​ဖြင့်၊-

5. ယု​ဒ​အ​မျိုး​သား​များ​သည်​ရန်​သူ​များ​ကို ပြု​လို​သ​မျှ​ပြု​နိုင်​ကြ​၏။ ထို့​ကြောင့်​သူ​တို့ သည်​ရန်​သူ​များ​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ကြ​၏။

6. မြို့​တော်​ရှု​ရှန်​၌​ပင်​လျှင်​ယု​ဒ​အ​မျိုး​သား တို့​သည် လူ​ပေါင်း​ငါး​ရာ​ကို​သတ်​လိုက်​ကြ လေ​သည်။-

ဧ​သ​တာ 9