11. ထိုအမိန့်စာများတွင်မင်းကြီးသည်ယုဒ အမျိုးသားတို့အား မိမိတို့၏အသက် ဘေးကိုကာကွယ်ရန်အတွက်စုရုံးခွင့်ပြု တော်မူကြောင်းပါရှိလေသည်။ မည်သည့် ပြည်နယ်၌မဆိုယုဒယောကျာ်းနှင့်ဇနီး သားသမီးများကိုလက်နက်စွဲကိုင်တိုက် ခိုက်လာသောအဘယ်လူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်နိုင်ခွင့်ရှိကြ၏။ သူ တို့အားတစ်ယောက်မကျန်သတ်ဖြတ် ပြီးလျှင်သူတို့၏ပစ္စည်းများကိုလုယူ နိုင်လေသည်။-
12. ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။-
13. ထိုနေ့ကျရောက်လာသောအခါယုဒအမျိုး သားတို့သည်ရန်သူများအားလက်စားချေ ရန်အသင့်ရှိနိုင်ကြစေရန် ထိုအမိန့်တော် ကိုဥပဒေအဖြစ်ပြဋ္ဌာန်းကာပြည်နယ် တိုင်းတွင်လူအပေါင်းတို့အားကြေညာရန် ဖြစ်သည်။-
14. သို့ဖြစ်၍မြင်းစီးစာပို့လုလင်တို့သည်မင်း ကြီး၏အမိန့်တော်အရ ဘုရင့်မြင်းတော် များကိုစီး၍ခရီးပြင်းနှင်ကြကုန်၏။ မြို့ တော်ရှုရှန်၌လည်းထိုအမိန့်ကိုကြေညာ ကြလေသည်။
15. မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
16. ယုဒအမျိုးသားတို့သည်စိတ်သက်သာ ရွှင်လန်းဝမ်းမြောက်လျက်အသရေမြင့် လာကြ၏။-
17. မင်းကြီး၏အမိန့်ကြေညာချက်ရောက်ရှိ သည့်ပြည်နယ်နှင့်မြို့အပေါင်းတို့တွင် ယုဒအမျိုးသားတို့သည် ဝမ်းမြောက်စွာ စားသောက်လျက်ပျော်ပွဲရွှင်ပွဲများကို ကျင်းပကြကုန်၏။ အခြားအမျိုးသား အမြောက်အမြားသည်ယုဒအမျိုး သားတို့ကိုကြောက်သောကြောင့်ယုဒ ဘာသာသို့ကူးပြောင်းလာကြလေ သည်။