သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။