12. ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
13. မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
14. ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။