10. ထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။
11. ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
12. ထိုနောက်မော်ဒကဲသည် နန်းတော်တံခါးဝ သို့ပြန်ရောက်လေ၏။ ဟာမန်မူကားညည်း တွား၍ ဦးခေါင်းခြုံလျက်အိမ်သို့ပြန်ပြီး လျှင်၊-
13. မိမိဇနီးနှင့်မိတ်ဆွေများအား မိမိကြုံတွေ့ ခဲ့ရသည့်အဖြစ်အပျက်အလုံးစုံကိုပြောပြ လေသည်။ ထိုအခါဇနီးဖြစ်သူနှင့်မိတ်ဆွေ ပညာရှိတို့က``ကိုယ်တော်သည်မော်ဒကဲကို ရှုံးစပြုလေပြီ။ သူသည်ယုဒအမျိုးသား မှန်လျှင်ကိုယ်တော်သည်သူ့ကိုမနိုင်။ သူသည် ကိုယ်တော်ကိုမုချအနိုင်ရလိမ့်မည်'' ဟု ပြောကြားကြ၏။
14. ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။