1. ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
2. ယင်းမှတ်တမ်းများတွင်အဆောင်တော်စောင့် မိန်းမစိုးဗိဂသန်နှင့်တေရက်တို့သည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်မှု ကိုအဘယ်သို့မော်ဒကဲတွေ့ရှိရသည့် အကြောင်းပါရှိလေသည်။-
3. မင်းကြီးက``ဤအမှုအတွက်မော်ဒကဲအား ငါတို့အဘယ်သို့ဂုဏ်ပြုချီးမြှင့်ကာဆု တော်လာဘ်တော်များပေးခဲ့ပါသနည်း'' ဟုမေးတော်မူ၏။နန်းတွင်းအစေခံများက``ထိုသူ၏အတွက် အဘယ်သို့မျှမပြုရသေးပါ'' ဟုပြန် လည်လျှောက်ထားကြ၏။
4. မင်းကြီးကလည်း``နန်းတော်တွင်း၌ငါ၏ မှူးမတ်တစ်စုံတစ်ယောက်ရှိပါသလော'' ဟု မေးတော်မူ၏။ထိုအချိန်၌ဟာမန်သည်နန်းတော်တွင်းသို့ ဝင်ရောက်လာ၏။ သူသည်မိမိစိုက်ထူခဲ့သည့် လည်ဆွဲတိုင်တွင် မော်ဒကဲအားကွပ်မျက်ရန် မင်းကြီးထံခွင့်ပန်မည်အကြံနှင့်ရောက်ရှိ လာခြင်းဖြစ်၏။-
5. ထိုအခါနန်းတွင်းအစေခံများက``ဟာမန် ရှိပါသည်။ သူသည်ရှေ့တော်သို့ဝင်ရန်စောင့် နေပါသည်'' ဟုလျှောက်ကြ၏။မင်းကြီးက``သူ့အားဝင်စေ'' ဟုမိန့်တော်မူ၏။
6. ထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊-