ဧ​သ​တာ 6:1-3 Common Language Bible (BCL)

1. ထို​ည​၌​မင်း​ကြီး​သည်​စက်​တော်​ခေါ်​၍​မ​ရ သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ ကို​တောင်း​ယူ​ကာ​ဖတ်​ပြ​စေ​တော်​မူ​၏။-

2. ယင်း​မှတ်​တမ်း​များ​တွင်​အ​ဆောင်​တော်​စောင့် မိန်း​မ​စိုး​ဗိ​ဂ​သန်​နှင့်​တေ​ရက်​တို့​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​မှု ကို​အ​ဘယ်​သို့​မော်​ဒ​ကဲ​တွေ့​ရှိ​ရ​သည့် အ​ကြောင်း​ပါ​ရှိ​လေ​သည်။-

3. မင်း​ကြီး​က``ဤ​အ​မှု​အ​တွက်​မော်​ဒ​ကဲ​အား ငါ​တို့​အ​ဘယ်​သို့​ဂုဏ်​ပြု​ချီး​မြှင့်​ကာ​ဆု တော်​လာဘ်​တော်​များ​ပေး​ခဲ့​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။နန်း​တွင်း​အ​စေ​ခံ​များ​က``ထို​သူ​၏​အ​တွက် အ​ဘယ်​သို့​မျှ​မ​ပြု​ရ​သေး​ပါ'' ဟု​ပြန် လည်​လျှောက်​ထား​ကြ​၏။

ဧ​သ​တာ 6