5. ထိုနောက်မင်းကြီးသည်ဧသတာ၏အလို ပြည့်စေရန် ဟာမန်အားအလျင်အမြန်ခေါ် ယူတော်မူပြီးလျှင် သူနှင့်အတူဧသတာ ၏ညစာစားပွဲသို့ကြွတော်မူ၏။-
6. မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။
9. ညစာစားပွဲမှထွက်ခွာလာသောအခါ ဟာမန် သည်ဝမ်းမြောက်ပျော်ရွှင်လျက်နေ၏။ သို့ရာ တွင်သူသည်မော်ဒကဲကိုနန်းတော်အဝင်ဝ တွင်တွေ့ရှိရ၍ မော်ဒကဲကသူ့အားအရို အသေမပြုသောအခါ၌မူပြင်းစွာ အမျက်ထွက်လေသည်။-
10. သို့သော်လည်းသူသည်မိမိစိတ်ကိုချုပ်တည်း လျက်အိမ်သို့ပြန်ပြီးလျှင် မိတ်ဆွေများကို မိမိအိမ်သို့ခေါ်ဖိတ်ကာမိမိဇနီးဇေရတ် ကိုလည်းသူတို့နှင့်အတူထိုင်စေ၏။-
11. ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
12. သူသည်ဆက်လက်၍``ဤအမှုအရာများ အပြင်မိဖုရားဧသတာကလည်းမင်းကြီး နှင့်ငါသာလျှင် ညစာစားပွဲနှင့်ဧည့်ခံခဲ့ ပါ၏။ နက်ဖြန်ခါလည်းငါတို့အားညစာ စားပွဲသို့ဖိတ်ကြားထားပါသေးသည်။-
13. သို့ရာတွင်နန်းတော်တံခါးဝတွင်ယုဒအမျိုး သားမော်ဒကဲထိုင်လျက်နေသည်ကို ငါတွေ့မြင် နေရသမျှကာလပတ်လုံး ယခုဖော်ပြသမျှ တို့သည်ငါ့အတွက်အဘယ်ကျေးဇူးရှိသနည်း'' ဟုဆို၏။
14. ထို့အခါသူ၏ဇနီးနှင့်မိတ်ဆွေအပေါင်း တို့ကသူ့အား``ခုနစ်ဆယ့်ငါးပေမြင့်သည့် လည်ဆွဲတိုင်ကိုစိုက်ထူစေပါလော့။ မော်ဒကဲ အားထိုလည်ဆွဲတိုင်တွင်တင်၍သတ်ရန် နက် ဖြန်နံနက်၌မင်းကြီးအားလျှောက်ထားပါ လော့။ ထိုနောက်ပျော်ရွှင်စွာညစာစားပွဲသို့ သွားနိုင်ပါလိမ့်မည်'' ဟုအကြံပေးကြ၏။ဟာမန်သည်ထိုအကြံကိုနှစ်သက်သဖြင့် လည်ဆွဲတိုင်ကိုစိုက်ထူစေ၏။