ဧ​သ​တာ 5:2-5 Common Language Bible (BCL)

2. သူ​သည်​မိ​ဖု​ရား​ဧ​သ​တာ​ကို​မြင်​သော​အ​ခါ နူး​ညွတ်​သော​စိတ်​ရှိ​သ​ဖြင့် ရာ​ဇ​လှံ​တံ​ကို​ကမ်း ၍​ပေး​တော်​မူ​၏။ ဧ​သ​တာ​သည်​ချဉ်း​ကပ်​လာ ပြီး​လျှင်​ရာ​ဇ​လှံ​တံ​ကို​တို့​ထိ​လိုက်​လေ သည်။-

3. မင်း​ကြီး​က``မိ​ဖု​ရား​ဧ​သ​တာ၊ အ​ကြောင်း အ​ဘယ်​သို့​ရှိ​သ​နည်း။ သင်​တောင်း​လို​သော ဆု​ကို​ငါ့​အား​ပြော​ကြား​လော့။ ငါ​၏​အင်​ပါ ယာ​နိုင်​ငံ​တစ်​ဝက်​ကို​ပင်​တောင်း​လျှင်​ငါ​ပေး မည်'' ဟု​ဆို​၏။

4. ဧ​သ​တာ​က``အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော် မူ​ပါ​လျှင် ယ​နေ့​ည​ကျွန်​တော်​မ​ပြင်​ဆင်​ထား သည့်​ည​စာ​စား​ပွဲ​သို့​ဟာ​မန်​နှင့်​အ​တူ​ကြွ ရောက်​တော်​မူ​ပါ'' ဟု​ပြန်​လည်​လျှောက်​ထား​၏။

5. ထို​နောက်​မင်း​ကြီး​သည်​ဧ​သ​တာ​၏​အ​လို ပြည့်​စေ​ရန် ဟာ​မန်​အား​အ​လျင်​အ​မြန်​ခေါ် ယူ​တော်​မူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ဧ​သ​တာ ၏​ည​စာ​စား​ပွဲ​သို့​ကြွ​တော်​မူ​၏။-

ဧ​သ​တာ 5