6. ဟာတက်သည်နန်းတော်တံခါးရှေ့မြို့တော် ကွက်လပ်တွင်ရှိသောမော်ဒကဲထံသို့သွား၏။-
7. မော်ဒကဲကသူ့အားဖြစ်ပျက်ခဲ့သည့် အမှုအရာအလုံးစုံကိုလည်းကောင်း၊ ယုဒအမျိုးသားအပေါင်းတို့ကိုကွပ် မျက်လျှင်ဘုရင့်ဘဏ္ဍာတော်သို့ငွေမည်မျှ ပေးသွင်းရန် ဟာမန်ကတိပြုထားကြောင်း ကိုလည်းကောင်းပြောပြ၏။-
8. ယုဒအမျိုးသားများအားကွပ်မျက်ရန် အတွက် ရှုရှန်မြို့တွင်ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်မိတ္တူတစ်စောင်ကို လည်းပေးလိုက်၏။ မော်ဒကဲသည်ဟာတက် အား``ဤအမိန့်ကြေငြာချက်မိတ္တူကိုဧသ တာအားပေး၍ ဖြစ်ပျက်လျက်ရှိသည့် အခြေအနေကိုရှင်းပြပါလော့။ ထိုနောက် သူ့အားမင်းကြီးထံသို့ဝင်၍ မိမိ၏လူ မျိုးအပေါ်တွင်ကရုဏာထားတော်မူရန် လျှောက်ထားတောင်းပန်စေပါလော့'' ဟု မှာကြားလိုက်လေသည်။-
9. ဟာတက်သည်လည်းမော်ဒကဲမှာကြား လိုက်သည့်အတိုင်းပြု၏။-