2. မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
3. မော်ဒကဲတစ်ဦးတည်းသာလျှင်မလိုက်နာ ဘဲနေ၏။ အခြားနန်းတွင်းအရာရှိများက သူ့အား``သင်သည်အဘယ်ကြောင့်ဘုရင့်အမိန့် တော်ကိုဖီဆန်ပါသနည်း'' ဟုမေးမြန်းကာ၊-
4. အလျှော့ပေးရန်နေ့စဉ်နေ့တိုင်းတိုက်တွန်း ကြ၏။ သို့ရာတွင်မော်ဒကဲသည်နားမထောင် ဘဲ``ငါသည်ယုဒအမျိုးသားတစ်ဦးဖြစ် သဖြင့်ဟာမန်အားဦးမညွှတ်ရှိမခိုးနိုင် ပါ'' ဟုရှင်းပြလေသည်။ ထို့ကြောင့်ထိုသူ တို့သည်မော်ဒကဲ၏အပြုအမူကို ဟာမန် သည်းခံမည်မခံမည်ကိုသိလို၍ဟာမန် အားတိုင်ကြားကြ၏။-
5. ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။-
6. မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
7. ဇေရဇ်မင်းနန်းစံဆယ့်နှစ်နှစ်မြောက်၊ နိသန် ခေါ်ပထမလ၌ဟာမန်သည် မိမိ၏အကြံ အစည်ကိုအကောင်အထည်ဖော်ရန် သင့် လျော်မည့်နေ့ရက်ကိုပုရဟုခေါ်သော မဲ စနစ်ဖြင့်ရွေးချယ်စေရာအာဒါခေါ်ဒွါ ဒသမလ၊ ဆယ့်သုံးရက်နေ့ကိုရရှိလေ သည်။
8. ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
9. အရှင်မင်းကြီးသဘောတူတော်မူပါလျှင် သူတို့အားကွပ်မျက်ရန်အမိန့်ထုတ်ပြန်တော် မူပါ။ အရှင်ဤသို့ပြုတော်မူမည်ဆိုပါလျှင် နိုင်ငံတော်အုပ်ချုပ်ရေးအတွက် အရှင့်ဘဏ္ဍာ တော်သို့ငွေသုံးရာခုနစ်ဆယ့်ငါးတန်ပေး သွင်းရန်ကျွန်တော်မျိုးတာဝန်ယူပါမည်'' ဟုလျှောက်၏။
10. ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
11. ``သင့်သဘောအတိုင်းပြုရန်ထိုလူမျိုးနှင့် သူတို့၏ငွေကိုသင့်လက်သို့ငါပေးအပ်၏'' ဟုမိန့်တော်မူ၏။