16. ထို့ကြောင့်ဧသတာသည်ဇေရဇ်မင်းနန်းစံ သတ္တမနှစ်တေဗက်ခေါ်ဒသမလ၌ နန်း တော်အတွင်းဇေရဇ်မင်း၏ရှေ့တော်သို့ ရောက်ရှိသွား၏။-
17. မင်းကြီးသည်သူ့အားအခြားအမျိုး သမီးအပေါင်းတို့ထက်ပို၍နှစ်သက်တော် မူသဖြင့် သူသည်ရှေ့တော်တွင်မျက်နှာပွင့် လန်းလျက်ချစ်ခင်မြတ်နိုးတော်မူခြင်း ကိုခံရလေသည်။ မင်းကြီးသည်သူ့အား ရာဇသရဖူကိုဆောင်း၍ပေးပြီးလျှင် ဝါရှတိ၏အစားမိဖုရားမြှောက်တော် မူ၏။-
18. ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။
19. ဤအချိန်အတောအတွင်း၌မင်းကြီး သည်မော်ဒကဲအား အုပ်ချုပ်ရေးရာထူး တစ်နေရာတွင်ခန့်ထားတော်မူ၏။-
20. ဧသတာမူကားမော်ဒကဲ၏မှာကြား ချက်အရမိမိ၏ယုဒမျိုးရိုးဇာတိကို ယခုတိုင်အောင်အဘယ်သူကိုမျှအသိ မပေးဘဲနေ၏။ သူသည်ကလေးဘဝက မော်ဒကဲ၏စကားကိုနားထောင်ခဲ့သည့် နည်းတူ ဤအမှုကိစ္စတွင်လည်းနားထောင် လေသည်။
21. နန်းတွင်း၌မော်ဒကဲသည် အုပ်ချုပ်ရေးတာဝန် ကိုထမ်းဆောင်နေရစဉ်အခါ ဘုရင့်အဆောင် တော်တံခါးစောင့်မိန်းမစိုးနှစ်ယောက်တို့သည် ဇေရဇ်မင်းအားအမျက်ထွက်သဖြင့်လုပ် ကြံရန်လျှို့ဝှက်ကြံစည်ကြ၏။-
22. မော်ဒကဲသည်ထိုအကြောင်းကိုကြားသိရ သဖြင့် မိဖုရားဧသတာအားပြောကြား၏။ သို့ဖြစ်၍ဧသတာသည်မင်းကြီးအား မော်ဒကဲသိရှိရချက်ကိုလျှောက်ထား၏။-