1. ထိုနောက်မင်းကြီးသည်အမျက်တော်ပြေ သောအခါ ဝါရှတိပြုခဲ့သည့်အမှုကို လည်းကောင်း၊ မိမိထုတ်ပြန်ကြေငြာခဲ့သည့် အမိန့်ကိုလည်းကောင်းသတိရတော်မူ၏။-
2. သို့ဖြစ်၍သူနှင့်ရင်းနှီးသောအကြံပေးအရာ ရှိများကမင်းကြီးအား``အရှင်သည်အဘယ် ကြောင့်အဆင်းလှသည့်အပျိုကညာများ ကိုရှာစေတော်မမူပါသနည်း။-
3. အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
4. ထိုနောက်အရှင်အနှစ်သက်ဆုံးအမျိုးသမီး ကိုရွေး၍ ဝါရှတိအစားမိဖုရားမြှောက်တော် မူပါ'' ဟုအကြံပေးလျှောက်ထားကြ၏။ မင်း ကြီးသည်ထိုအကြံပေးလျှောက်ထားချက် ကိုနှစ်သက်၍ထိုအတိုင်းပြုတော်မူ၏။
5. မြို့တော်ရှုရှန်တွင်ယာဣရ၏သား မော်ဒကဲ ဆိုသူယုဒအမျိုးသားတစ်ယောက်ရှိ၏။ သူ သည်ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၍ကိရှနှင့်ရှိမိ တို့မှဆင်းသက်လာသူဖြစ်၏။-
6. ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ယုဒ ဘုရင်ယေခေါနိအားယေရုရှလင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားသောအခါ၌ မော် ဒကဲသည်လည်းသုံ့ပန်းများအထဲတွင် ပါသွားလေသည်။-
7. သူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။
8. ထိုကြောင့်မင်းကြီးကြေငြာချက်အသစ် အရ အမျိုးသမီးငယ်အမြောက်အမြား ကို ရှုရှန်မြို့သို့ခေါ်ဆောင်လာကြသော အခါဧသတာပါလာခဲ့လေသည်။ သူ့ အားလည်းနန်းတွင်း၌ထားရှိကာမိန်းမ စိုးဟေဂဲ၏လက်သို့ပေးအပ်ကြ၏။-
9. ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။
10. ဧသတာသည်မော်ဒကဲ၏အကြံပေးချက် အရ မိမိ၏ယုဒမျိုးရိုးဇာတိကိုလျှို့ဝှက် ၍ထားလေသည်။-
11. နေ့စဉ်နေ့တိုင်းပင်မော်ဒကဲသည်ဧသတာ ၏အခြေအနေကိုလည်းကောင်း၊ သူ့အား အဘယ်သို့ပြုကြမည်ကိုလည်းကောင်းသိရှိ နိုင်ရန် အပျိုတော်ဆောင်ဝင်းရှေ့၌ခေါက်တုန့် ခေါက်ပြန်လျှောက်လျက်နေတတ်၏။
12. အမျိုးသမီးများအတွက် ပြုလုပ်နေကျ အလှပြုပြင်မှုမှာတစ်နှစ်မျှကြာလေ သည်။ သူတို့အားမုရန်ဆီဖြင့်ခြောက်လ၊ သစ်ဆီမွှေးဖြင့်နောက်ထပ်ခြောက်လနှိပ်နယ် ပေးရ၏။ ထိုနောက်အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ဇေရဇ်မင်း၏အထံတော်သို့ဝင်ကြရ သည်။-
13. အလှည့်ကျသူသည်အပျိုတော်ဆောင်မှ နန်းတော်သို့သွားသောအခါ မိမိနှစ်သက် ရာအဝတ်အစားများကိုဝတ်ဆင်နိုင်၏။-