ဧ​သ​တာ 1:1-2-11 Common Language Bible (BCL)

1-2. ဇေ​ရဇ်​မင်း​သည်​ပေ​ရ​သိ​ပြည်​ရှု​ရှန်​မြို့​တော် ရာ​ဇ​ပလ္လင်​ထက်​နန်း​စံ​၍​အိန္ဒိ​ယ​ပြည်​မှ​သည် ဆူ​ဒန်​ပြည်​တိုင်​အောင် တစ်​ရာ​နှစ်​ဆယ့်​ခု​နစ် ပြည်​နယ်​တို့​ကို​အုပ်​စိုး​တော်​မူ​၏။

3. သူ​သည်​နန်း​စံ​တ​တိ​ယ​နှစ်​၌​မိ​မိ​၏​မှူး​မတ် များ​နှင့် မင်း​အ​ရာ​ရှိ​အ​ပေါင်း​တို့​အား စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​တော် မူ​၏။ ထို​ပွဲ​သို့​ပေ​ရ​သိ​နှင့်​မေ​ဒိ​တပ်​မ တော်​များ၊ ပြည်​နယ်​ဘု​ရင်​ခံ​များ​နှင့်​မှူး မတ်​များ​လည်း​တက်​ရောက်​ကြ​လေ​သည်။-

4. သူ​သည်​မိ​မိ​နန်း​တော်​၏​စည်း​စိမ်​နှင့်​ဘုန်း အ​သ​ရေ​ကို ခြောက်​လ​တိုင်​တိုင်​ခင်း​ကျင်း ပြ​သ​ထား​တော်​မူ​၏။

5. ထို​နောက်​မင်း​ကြီး​သည်​ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ ရှု​ရှန်​မြို့​တော်​သူ​မြို့​တော်​သား​အ​ပေါင်း​တို့ အား စား​သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး တော်​မူ​၏။ ထို​စား​သောက်​ပွဲ​ကြီး​ကို​ဘု​ရင့် နန်း​တော်​ဥ​ယျာဉ်​အ​တွင်း​၌ ခု​နစ်​ရက်​ပတ် လုံး​ကျင်း​ပ​တော်​မူ​၏။-

6. ဥ​ယျာဉ်​တော်​ဝင်း​တွင်​ငွေ​ကွင်း​တပ်​ထား သည့်​ကျောက်​ဖြူ​တိုင်​များ​၌ ပိတ်​ချော​အ​ဖြူ အ​ပြာ​ကန့်​လန့်​ကာ​များ​ကို​မ​ရမ်း​စေ့​ရောင် ပိတ်​ကြိုး​များ​ဖြင့်​ချည်​၍​တန်​ဆာ​ဆင်​ထား ၏။ ကျောက်​ဖြူ၊ ကျောက်​သ​လင်း၊ က​နု​က​မာ၊ စိမ်း​ပြာ​ကျောက်​များ​နှင့်​အ​ကွက်​ဖော်​၍​ခင်း ထား​သည့်​ဥ​ယျာဉ်​တော်​ဝင်း​အ​တွင်း​၌ ရွှေ နှင့်​ငွေ​တို့​ဖြင့်​ပြီး​သော​ညောင်​စောင်း​များ ကို​လည်း​ထား​ရှိ​လေ​သည်။-

7. မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။-

8. အ​ကန့်​အ​သတ်​မ​ရှိ​ဘဲ လူ​တိုင်း​အ​လို​ရှိ သ​လောက်​သောက်​သုံး​နိုင်​စေ​ရန် နန်း​တော် အ​စေ​ခံ​တို့​အား​မိန့်​မှာ​ထား​တော်​မူ​၏။

9. ထို​အ​တော​အ​တွင်း​၌​ဝါ​ရှ​တိ​မိ​ဖု​ရား​သည် လည်း​နန်း​တွင်း​၌ အ​မျိုး​သ​မီး​များ​အား​စား သောက်​ပွဲ​ကြီး​ကို​တည်​ခင်း​ကျွေး​မွေး​လျက် နေ​ပေ​သည်။

10. ပွဲ​တော်​သတ္တ​မ​နေ့​ရက်​ရောက်​သော​အ​ခါ မင်း ကြီး​သည်​စ​ပျစ်​ရည်​သောက်​၍​ရွှင်​လန်း​သော အ​ခါ အ​ပါး​တော်​မြဲ​မိန်း​မ​စိုး​ခု​နစ်​ယောက် ဖြစ်​ကြ​သော​မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တို့ ကို​ခေါ်​ယူ​ကာ၊-

11. မိ​ဖု​ရား​ဝါ​ရှ​တိ​အား​ရာ​ဇ​သ​ရ​ဖူ​ဆောင်း စေ​၍ ရှေ့​တော်​သို့​သွင်း​ရန်​အ​မိန့်​ပေး​တော် မူ​၏။ မိ​ဖု​ရား​သည်​အ​ဆင်း​လှ​သော​အ​မျိုး သ​မီး​ဖြစ်​သ​ဖြင့် မင်း​ကြီး​သည်​သူ​၏​အ​ဆင်း ကို​မှူး​မတ်​များ​နှင့်​ဧည့်​သည်​တော်​အ​ပေါင်း တို့​အား​ပြ​စား​လို​ပေ​သည်။-

ဧ​သ​တာ 1