ဧ​ဖက် 6:2-3-21 Common Language Bible (BCL)

2-3. ကျမ်း​စာ​တော်​က``သင်​၏​မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့။ သို့​ပြု​လျှင်​သင်​သည်​ကောင်း​စား​လျက်​မြေ​ကြီး ပေါ်​တွင်​အ​သက်​ရှည်​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။ ဤ ကား​က​တိ​တော်​ပါ​ရှိ​သည့်​ပ​ထ​မ​ပ​ညတ်​ဖြစ်​၏။

4. မိ​ဘ​တို့၊ သား​သ​မီး​များ​ကို​စိတ်​ဆိုး​စေ​ရန်​မ​ပြု ကြ​နှင့်။ သို့​ရာ​တွင်​သူ​တို့​အား​သ​ခင်​ဘု​ရား​၏ အ​လို​တော်​နှင့်​အ​ညီ​သွန်​သင်​ဆုံး​မ​ကြ​လော့။

5. ကျွန်​ဖြစ်​သူ​တို့၊ သင်​တို့​သည်​ခ​ရစ်​တော်​၏​အ​စေ ကို​ခံ​သ​ကဲ့​သို့ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရိုး သား​သော​စိတ်​နှင့်​သ​ခင်​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-

6. သ​ခင်​များ​နှစ်​သက်​စေ​ရန်​သူ​တို့​၏​ရှေ့​မှောက် ၌​သာ​နား​ထောင်​ကြ​သည်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ၏​ကျွန်​များ​အ​နေ​ဖြင့် ဘု​ရား​သ​ခင်​၏​အ​လို တော်​ရှိ​သည့်​အ​တိုင်း​စိတ်​ရော​ကိုယ်​ပါ​အ​စေ​ခံ ကြ​လော့။-

7. လူ​၏​အ​စေ​ကို​ခံ​သ​ကဲ့​သို့​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​စေ​ကို​ခံ​သ​ကဲ့​သို့ ဝမ်း​မြောက် ရွှင်​လန်း​စွာ​အ​လုပ်​ကို​လုပ်​ဆောင်​ကြ​လော့။-

8. ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ မည်​သူ​မ​ဆို မိ​မိ​ပြု​သည့်​ကောင်း​မှု​အ​တွက် သ​ခင်​ဘု​ရား ထံ​မှ​ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​သိ​မှတ် ကြ​လော့။

9. သ​ခင်​တို့၊ ခြိမ်း​ခြောက်​မှု​ကို​မ​ပြု​ဘဲ​ထို​နည်း​တူ​ပင် ကျွန်​များ​နှင့်​ဆက်​ဆံ​ကြ​လော့။ သင်​တို့​နှင့်​သင်​တို့​၏ ကျွန်​များ​မှာ​ကောင်း​ကင်​ဘုံ​တွင်​သ​ခင်​တစ်​ပါး​တည်း ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည်​မျက်​နှာ ကြီး​ငယ်​လိုက်​တော်​မ​မူ​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့။

20. ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။

21. ငါ​နှင့်​ပတ်​သက်​သော​အ​ကြောင်း​အ​ရာ​ကို​သင် တို့​သိ​စေ​ခြင်း​ငှာ သ​တင်း​အ​လုံး​စုံ​ကို​သင် တို့​အား​တု​ခိတ်​က​ပြော​ပြ​လိမ့်​မည်။ သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရာ​တွင်​သူ သည်​ငါ​တို့​အား​သစ္စာ​ရှိ​စွာ​ကူ​ညီ​သူ၊ ငါ တို့​၏​ချစ်​လှ​စွာ​သော​ညီ​ဖြစ်​ပေ​သည်။-

ဧ​ဖက် 6