ဧ​ဖက် 6:18-23 Common Language Bible (BCL)

2-3. ကျမ်း​စာ​တော်​က``သင်​၏​မိ​ဘ​ကို​ရို​သေ​သ​မှု​ပြု လော့။ သို့​ပြု​လျှင်​သင်​သည်​ကောင်း​စား​လျက်​မြေ​ကြီး ပေါ်​တွင်​အ​သက်​ရှည်​လိမ့်​မည်'' ဟု​ဖော်​ပြ​သည်။ ဤ ကား​က​တိ​တော်​ပါ​ရှိ​သည့်​ပ​ထ​မ​ပ​ညတ်​ဖြစ်​၏။

18. သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-

19. ငါ​ဟော​ပြော​ချိန်​၌​ဘုရား​သခင်​သည်​ငါ့​အား နှုတ်​သတ္တိ​ကို​ပေး​သ​နား​တော်​မူ​ရန်​လည်း​ကောင်း၊ သ​တင်း​ကောင်း​၏​နက်​နဲ​သော​အ​ရာ​ကို​ရဲ​ရင့် စွာ​ဖွင့်​ပြ​နိုင်​ရန်​လည်း​ကောင်း ငါ့​အ​တွက်​လည်း ဆု​တောင်း​ကြ​လော့။-

20. ငါ​သည်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ဖြစ်​သော်​လည်း​ထို သ​တင်း​ကောင်း​အ​တွက်​သံ​တ​မန်​ဖြစ်​ပါ​၏။ ထို သ​တင်း​ကောင်း​ကို​ဟော​ပြော​အပ်​သည်​နှင့်​အ​ညီ ငါ​သည်​ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ရန်​ဆု​တောင်း ကြ​လော့။

21. ငါ​နှင့်​ပတ်​သက်​သော​အ​ကြောင်း​အ​ရာ​ကို​သင် တို့​သိ​စေ​ခြင်း​ငှာ သ​တင်း​အ​လုံး​စုံ​ကို​သင် တို့​အား​တု​ခိတ်​က​ပြော​ပြ​လိမ့်​မည်။ သ​ခင် ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရာ​တွင်​သူ သည်​ငါ​တို့​အား​သစ္စာ​ရှိ​စွာ​ကူ​ညီ​သူ၊ ငါ တို့​၏​ချစ်​လှ​စွာ​သော​ညီ​ဖြစ်​ပေ​သည်။-

22. ထို့​ကြောင့်​ငါ​တို့​နှင့်​ဆိုင်​သော​သ​တင်း​အ​လုံး စုံ​ကို​ပြော​ပြ​ရန်​နှင့် သင်​တို့​ကို​အား​ပေး​ကူ ညီ​ရန်​သူ့​အား​သင်​တို့​ထံ​သို့​ငါ​စေ​လွှတ် လိုက်​ပါ​သည်။

23. အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ညီ​အစ်​ကို​အ​ပေါင်း​တို့​အား​ငြိမ်​သက်​ခြင်း၊ ချစ် ခြင်း၊ ယုံ​ကြည်​ခြင်း​ကို​ချ​ပေး​တော်​မူ​ပါ​စေ သော။-

ဧ​ဖက် 6