2-3. ကျမ်းစာတော်က``သင်၏မိဘကိုရိုသေသမှုပြု လော့။ သို့ပြုလျှင်သင်သည်ကောင်းစားလျက်မြေကြီး ပေါ်တွင်အသက်ရှည်လိမ့်မည်'' ဟုဖော်ပြသည်။ ဤ ကားကတိတော်ပါရှိသည့်ပထမပညတ်ဖြစ်၏။
14. သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-
15. ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။-
16. ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။-
17. ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။-
18. သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
19. ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။-
20. ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။
21. ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။-
22. ထို့ကြောင့်ငါတို့နှင့်ဆိုင်သောသတင်းအလုံး စုံကိုပြောပြရန်နှင့် သင်တို့ကိုအားပေးကူ ညီရန်သူ့အားသင်တို့ထံသို့ငါစေလွှတ် လိုက်ပါသည်။
23. အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။-
24. အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။