ဧ​ဖက် 6:14-17 Common Language Bible (BCL)

14. သို့​ဖြစ်​၍​အ​သင့်​ရှိ​နေ​ကြ​လော့။ သစ္စာ​တ​ရား တည်း​ဟူ​သော​ခါး​ပန်း​ကြိုး​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တည်း​ဟူ​သော​ရင်​အုပ်​တန် ဆာ​ကို​လည်း​ကောင်း၊-

15. ငြိမ်း​ချမ်း​ရေး​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် အ​သင့်​ရှိ​ခြင်း​တည်း​ဟူ​သော​ဖိ​နပ်​ကို​လည်း ကောင်း​ဝတ်​ဆင်​ကြ​လော့။-

16. ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။-

17. ကယ်​တင်​ခြင်း​တည်း​ဟူ​သော​သံ​ခ​မောက်​ကို လည်း​ကောင်း၊ ဝိ​ညာဉ်​တော်​က​ပေး​သော​ဘု​ရား သ​ခင်​၏​နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဋ္ဌား​ကို​လည်း​ကောင်း​ယူ​ဆောင်​ကြ​လော့။-

ဧ​ဖက် 6