11. မာရ်နတ်၏ပရိယာယ်များကိုခုခံကာကွယ်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ကြလော့။-
12. ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။-
13. သို့ဖြစ်၍ဘုရားသခင်၏လက်နက်စုံကိုကိုင် ဆောင်ကြလော့။ သို့မှသာလျှင်ခဲယဉ်းဆိုး ယုတ်ရာကာလကျရောက်လာချိန်၌ သင်တို့ သည်ရန်သူ၏တိုက်စစ်ကိုခုခံကာကွယ် နိုင်လိမ့်မည်။ အဆုံးတိုင်အောင်တိုက်ခိုက် ပြီးသောအခါ၌သင်တို့သည်ရပ်တည် နိုင်ကြလိမ့်မည်။
14. သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-
15. ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။-
16. ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။-
17. ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။-