7. ထို့ကြောင့်သင်တို့သည်ထိုသို့သောသူတို့နှင့် လုံးဝမဆက်ဆံကြနှင့်။-
8. အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
9. အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
10. သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။-
11. မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
12. (ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-)
13. အလင်းသို့ဖော်ထုတ်ခြင်းခံရသည့်အရာဟူ သမျှသည် မိမိတို့၏ပင်ကိုသဘောပေါ်၍ လာလေသည်။-
14. အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်''ဟုပါရှိသတည်း။
15. သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
16. ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
17. ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။
18. သင်တို့အားပျက်စီးစေမည့်သေသောက်ကြူးခြင်း ကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်ဝလျက်ရှိကြ လော့။-
19. တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။-