ဧ​ဖက် 5:5-9 Common Language Bible (BCL)

5. ကာ​မ​ဂုဏ်​လိုက်​စား​သူ၊ ညစ်​ညမ်း​သူ၊ လော​ဘ လွန်​ကူး​သူ​ဟူ​သ​မျှ​သည်​ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တွင်​ပါ​ဝင်​ကြ ရ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​သင်​တို့​သိ​ကြ​၏။ (လော​ဘ​လွန်​ကူး​ခြင်း​သည်​ရုပ်​တု​ကိုး​ကွယ် မှု​တစ်​မျိုး​ပင်​ဖြစ်​သည်။)

6. အ​ချည်း​နှီး​သော​စ​ကား​ဖြင့်​အ​ဘယ်​သူ​မျှ သင်​တို့​ကို​မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​များ ကြောင့်​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ ခံ​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့်​မည်။-

7. ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။-

8. အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မှောင်​မိုက်​တွင် နေ​ထိုင်​ခဲ့​ကြ​၏။ ယ​ခု​အ​ခါ​၌​မူ​သ​ခင် ဘု​ရား​၏​လူ​စု​တော်​ဝင်​များ​ဖြစ်​လာ​ကြ သ​ဖြင့်​အ​လင်း​သို့​ရောက်​ရှိ​ကြ​လေ​ပြီ။ သို့ ဖြစ်​၍​အ​လင်း​၌​ကျင်​လည်​သူ​များ​ကဲ့​သို့ ပြု​ကျင့်​ကြ​လော့။-

9. အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ကောင်း မြတ်​ခြင်း​အ​မျိုး​မျိုး၊ ဖြောင့်​မတ်​ခြင်း​နှင့် အ​မှန်​တ​ရား​တို့​ကို​ဖြစ်​ပွား​စေ​သော​ကြောင့် ဖြစ်​၏။-

ဧ​ဖက် 5