27. အသင်းတော်ကိုမိမိအားဆက်သတော်မူရာ ၌အညစ်အကြေးအစွန်းအကွက်မရှိ၊ သန့်ရှင်း ဖြူစင်အပြစ်ကင်းလျက်လှပတင့်တယ်သော အသရေနှင့်ပြည့်စုံနိုင်စေရန်ပင်ဖြစ်သည်။-
28. လင်ဖြစ်သူတို့သည်မိမိတို့ကိုယ်ခန္ဓာကိုချစ် သကဲ့သို့မယားများအားချစ်သင့်ကြ၏။ မယားကိုချစ်သောသူသည်မိမိကိုယ်ခန္ဓာ ကိုချစ်သောသူဖြစ်၏။-
29. (အဘယ်သူမျှမိမိကိုယ်ခန္ဓာကိုမုန်းသည်ဟူ၍ မရှိ။ မုန်းမည့်အစားသူသည်မိမိကိုယ်ကိုကျွေး မွေးပြုစု၏။ အသင်းတော်အားခရစ်တော် ကျွေးမွေးပြုစုတော်မူသကဲ့သို့တည်း။-
30. ငါတို့သည်ကိုယ်ခန္ဓာတော်၏အင်္ဂါများဖြစ်ကြ၏။-)
31. ကျမ်းစာတော်တွင်၊``ဤအကြောင်းကြောင့်ယောကျာ်းသည်မိဘထံမှ ထွက်ခွာ၍မယားနှင့်စုံဖက်သဖြင့်၊သူတို့နှစ်ဦးသည်တစ်သားတစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်''ဟုဖော်ပြပါရှိ၏။-
32. ဤကားအလွန်နက်နဲသောသစ္စာစကားဖြစ် ၍ ခရစ်တော်နှင့်အသင်းတော်ကိုရည်စူး၍ ဆိုသောစကားဖြစ်သည်ဟုငါဆို၏။-
33. သို့ရာတွင်သင်တို့တစ်ဦးစီနှင့်လည်းသက်ဆိုင် ပေသည်။ လင်ဖြစ်သူသည်မယားကိုကိုယ်နှင့် အမျှချစ်ရမည်။ မယားဖြစ်သူသည်လည်း လင်ယောကျာ်းကိုရိုသေလေးစားရမည်။