ဧ​ဖက် 5:18-33 Common Language Bible (BCL)

18. သင်​တို့​အား​ပျက်​စီး​စေ​မည့်​သေ​သောက်​ကြူး​ခြင်း ကို​ရှောင်​၍ ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်​ရှိ​ကြ လော့။-

19. တစ်​ဦး​နှင့်​တစ်​ဦး​စ​ကား​ပြော​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း၊ ဋ္ဌမ္မ​သီ​ချင်း​နှင့်​ဘာ​သာ​ရေး​သီ ချင်း​များ​မှ​စ​ကား​များ​ဖြင့်​ပြော​ဆို​ကြ​လော့။ စိတ်​နှ​လုံး​အ​တွင်း​၌​သ​ခင်​ဘု​ရား​အား​ထော မ​နာ​ပြု​လျက် ဋ္ဌမ္မ​သီ​ချင်း​များ​နှင့်​ဆာ​လံ သီ​ချင်း​များ​ကို​သီ​ဆို​ကူး​အေး​ကြ​လော့။-

20. ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။

21. ခ​ရစ်​တော်​ကို​ရို​သေ​လေး​စား​သော​အား​ဖြင့်​သင် တို့​သည်​တစ်​ဦး​၏​အ​လို​ကို​တစ်​ဦး​လိုက်​လျော ကြ​လော့။

22. မ​ယား​ဖြစ်​သူ​တို့၊ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏ အုပ်​စိုး​ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့​ခင်​ပွန်း​တို့​၏​အုပ် စိုး​ခြင်း​ကို​ခံ​ယူ​ကြ​လော့။-

23. ခ​ရစ်​တော်​သည်​အ​သင်း​တော်​အ​ပေါ်​သြ​ဇာ​အာ​ဏာ ရှိ​သ​ကဲ့​သို့ လင်​သည်​မိ​မိ​ခင်​ပွန်း​အ​ပေါ်​သြ​ဇာ အာ​ဏာ​ရှိ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ​ဖြစ် သော​အ​သင်း​တော်​၏​ကယ်​တင်​ရှင်​ဖြစ်​တော်​မူ​၏။-

24. သို့​ဖြစ်​၍​အ​သင်း​တော်​သည်​ခရစ်​တော်​၏​အုပ်​စိုး ခြင်း​ကို​ခံ​ယူ​သ​ကဲ့​သို့ မ​ယား​တို့​သည်​လည်း​လင် တို့​၏​အုပ်​စိုး​ခြင်း​ကို​အ​ကြွင်း​မဲ့​ခံ​ယူ​ရ​ကြ​မည်။

25. လင်​ဖြစ်​သူ​တို့၊ ခ​ရစ်​တော်​သည်​အ​သင်း​တော်​ကို ချစ်​တော်​မူ​၍ အ​သင်း​တော်​အ​တွက်​မိ​မိ​အ​သက် ကို​စွန့်​တော်​မူ​သည့်​နည်း​တူ သင်​တို့​၏​မ​ယား​များ ကို​ချစ်​ကြ​လော့။-

26. ကိုယ်​တော်​သည်​မိ​မိ​အ​သက်​ကို​စွန့်​တော်​မူ​ခြင်း မှာ​အ​သင်း​တော်​ကို​ရေ​ဖြင့်​သန့်​ရှင်း​စေ​ပြီး​လျှင် နှုတ်​က​ပတ်​တော်​ဖြင့်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​တော်​မူ​သ​ဖြင့်၊-

27. အ​သင်း​တော်​ကို​မိ​မိ​အား​ဆက်​သ​တော်​မူ​ရာ ၌​အ​ညစ်​အ​ကြေး​အ​စွန်း​အ​ကွက်​မ​ရှိ၊ သန့်​ရှင်း ဖြူ​စင်​အ​ပြစ်​ကင်း​လျက်​လှ​ပ​တင့်​တယ်​သော အ​သ​ရေ​နှင့်​ပြည့်​စုံ​နိုင်​စေ​ရန်​ပင်​ဖြစ်​သည်။-

28. လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။-

29. (အ​ဘယ်​သူ​မျှ​မိ​မိ​ကိုယ်​ခန္ဓာ​ကို​မုန်း​သည်​ဟူ​၍ မ​ရှိ။ မုန်း​မည့်​အ​စား​သူ​သည်​မိ​မိ​ကိုယ်​ကို​ကျွေး မွေး​ပြု​စု​၏။ အ​သင်း​တော်​အား​ခ​ရစ်​တော် ကျွေး​မွေး​ပြု​စု​တော်​မူ​သ​ကဲ့​သို့​တည်း။-

30. ငါ​တို့​သည်​ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​ကြ​၏။-)

31. ကျမ်း​စာ​တော်​တွင်၊``ဤ​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိဘ​ထံ​မှ ထွက်​ခွာ​၍​မ​ယား​နှင့်​စုံ​ဖက်​သ​ဖြင့်၊သူ​တို့​နှစ်​ဦး​သည်​တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ကြ​ရ​လိမ့်​မည်''ဟု​ဖော်​ပြ​ပါ​ရှိ​၏။-

32. ဤ​ကား​အ​လွန်​နက်​နဲ​သော​သစ္စာ​စ​ကား​ဖြစ် ၍ ခ​ရစ်​တော်​နှင့်​အ​သင်း​တော်​ကို​ရည်​စူး​၍ ဆို​သော​စ​ကား​ဖြစ်​သည်​ဟု​ငါ​ဆို​၏။-

33. သို့​ရာ​တွင်​သင်​တို့​တစ်​ဦး​စီ​နှင့်​လည်း​သက်​ဆိုင် ပေ​သည်။ လင်​ဖြစ်​သူ​သည်​မ​ယား​ကို​ကိုယ်​နှင့် အ​မျှ​ချစ်​ရ​မည်။ မ​ယား​ဖြစ်​သူ​သည်​လည်း လင်​ယောကျာ်း​ကို​ရို​သေ​လေး​စား​ရ​မည်။

ဧ​ဖက် 5