1. သင်တို့သည်ဘုရားသခင်၏ချစ်သားများဖြစ် သဖြင့် ကိုယ်တော်နှင့်တူအောင်ကြိုးစားကြရမည်။-
2. ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
3. သင်တို့သည်ဘုရားသခင်၏လူစုတော်ဖြစ် သြဖင့်ကာမဂုဏ်လိုက်စားမှု၊ ညစ်ညမ်းမှုနှင့် လောဘလွန်ကူးမှုအကြောင်းတို့ကိုသင် တို့တွင်ပြောဆိုခြင်းပင်မရှိစေနှင့်။-
4. ညစ်ညမ်းသောစကား၊ ယုတ်မာသောစကား၊ ရိုင်းစိုင်းသောစကားများကိုလည်းမပြော မဆိုအပ်။ ကျေးဇူးတော်ကိုချီးမွမ်းသည့် စကားများကိုသာလျှင်ပြောဆိုအပ်၏။-
5. ကာမဂုဏ်လိုက်စားသူ၊ ညစ်ညမ်းသူ၊ လောဘ လွန်ကူးသူဟူသမျှသည်ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်တွင်ပါဝင်ကြ ရလိမ့်မည်မဟုတ်ကြောင်းသင်တို့သိကြ၏။ (လောဘလွန်ကူးခြင်းသည်ရုပ်တုကိုးကွယ် မှုတစ်မျိုးပင်ဖြစ်သည်။)
6. အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
7. ထို့ကြောင့်သင်တို့သည်ထိုသို့သောသူတို့နှင့် လုံးဝမဆက်ဆံကြနှင့်။-
8. အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
9. အဘယ်ကြောင့်ဆိုသော်အလင်းသည်ကောင်း မြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် အမှန်တရားတို့ကိုဖြစ်ပွားစေသောကြောင့် ဖြစ်၏။-
10. သခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။-
11. မှောင်မိုက်တွင်ကျင်လည်သူတို့ပြုသည့်အကျိုး မဲ့သောအမှုများကိုမပြုဘဲ ယင်းအမှုတို့ ကိုအလင်းသို့ဖော်ထုတ်ကြလော့။-
12. (ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-)