7. ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။-
8. ကျမ်းစာလာသည်အတိုင်း၊``ကိုယ်တော်သည်အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါမိမိနှင့်အတူသုံ့ပန်းအမြောက်အမြားကို ခေါ်ဆောင်သွားတော်မူ၏။လူသားတို့အားဆုကျေးဇူးများကိုချပေးတော် မူ၏။''
9. ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။-
10. သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။-
11. လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
12. ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
13. ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။-
14. ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-
15. ငါတို့သည်မေတ္တာနှင့်သမ္မာတရားကိုဟောပြော သောအားဖြင့် အသင်းတော်၏ဦးခေါင်းဖြစ်တော် မူသောခရစ်တော်၌အစစအရာရာတွင်ကြီး ပွားတိုးတက်မှုရှိရကြပေမည်။-
16. ကိုယ်တော်၏စီမံအုပ်ချုပ်မှုအောက်တွင်ကိုယ်အင်္ဂါ ရှိသမျှတို့သည်တစ်ခုနှင့်တစ်ခုအဆစ်အပိုင်း များဖြင့်ဆက်စပ်လျက်နေကြ၏။ သို့ဖြစ်၍ကိုယ် အင်္ဂါအသီးသီးတို့သည် မိမိတို့သက်ဆိုင်ရာ အလုပ်တာဝန်ကိုဆောင်ရွက်ကြသောအခါ ကိုယ်ခန္ဓာတစ်ခုလုံးကိုမေတ္တာတရားအား ဖြင့်တည်ဆောက်၍ကြီးပွားစေလေသည်။
17. သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။-