ဧ​ဖက် 4:6-10 Common Language Bible (BCL)

6. လူ​သား​အ​ပေါင်း​တို့​၏​အ​ဖ​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ​၏။ ထို​ဘု​ရား​သ​ခင်​သည် လူ​ခပ်​သိမ်း​တို့​ကို​အုပ်​စိုး​တော်​မူ​၍ လူ​ခပ်​သိမ်း တို့​အား​ဖြင့်​လုပ်​ဆောင်​တော်​မူ​လျက်​လူ​ခပ်​သိမ်း တို့​အ​ထဲ​တွင်​ရှိ​တော်​မူ​၏။

7. ခ​ရစ်​တော်​ချ​ပေး​တော်​မူ​သည်​အ​တိုင်း​ငါ​တို့ တစ်​ဦး​စီ​သည်​ထူး​မြတ်​သည့်​ဆု​ကျေး​ဇူး​ကို ခံ​စား​ကြ​ရ​ပေ​သည်။-

8. ကျမ်း​စာ​လာ​သည်​အ​တိုင်း၊``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါမိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''

9. ကိုယ်​တော်​တက်​ကြွ​တော်​မူ​သည်​ဆို​ရာ​၌ အ​ဘယ် ကို​ဆို​လို​ပါ​သ​နည်း။ ကိုယ်​တော်​သည်​အ​နိမ့်​ဆုံး အ​ရပ်​မြေ​ကြီး​သို့ ဦး​စွာ​ဆင်း​သက်​တော်​မူ​သည် ဟု​ဆို​လို​ပေ​သည်။-

10. သို့​ဖြစ်​၍​ဆင်း​သက်​တော်​မူ​သော​အ​ရှင်​ကား စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​တွင်​ရှိ​တော်​မူ​ရန် မိုး ကောင်း​ကင်​ဘ​ဝဂ်​သို့​တက်​ကြွ​တော်​မူ​သော အ​ရှင်​ပေ​တည်း။-

ဧ​ဖက် 4