3. သင်တို့အားစည်းလုံးစေသောငြိမ်သက်ခြင်း အားဖြင့် ဝိညာဉ်တော်ကပေးသောစည်လုံးညီ ညွတ်မှုကိုအစွမ်းကုန်ထိန်းသိမ်းကြလော့။-
4. သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-
5. သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်း၊-
6. လူသားအပေါင်းတို့၏အဖဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းတို့ကိုအုပ်စိုးတော်မူ၍ လူခပ်သိမ်း တို့အားဖြင့်လုပ်ဆောင်တော်မူလျက်လူခပ်သိမ်း တို့အထဲတွင်ရှိတော်မူ၏။
7. ခရစ်တော်ချပေးတော်မူသည်အတိုင်းငါတို့ တစ်ဦးစီသည်ထူးမြတ်သည့်ဆုကျေးဇူးကို ခံစားကြရပေသည်။-
8. ကျမ်းစာလာသည်အတိုင်း၊``ကိုယ်တော်သည်အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါမိမိနှင့်အတူသုံ့ပန်းအမြောက်အမြားကို ခေါ်ဆောင်သွားတော်မူ၏။လူသားတို့အားဆုကျေးဇူးများကိုချပေးတော် မူ၏။''
9. ကိုယ်တော်တက်ကြွတော်မူသည်ဆိုရာ၌ အဘယ် ကိုဆိုလိုပါသနည်း။ ကိုယ်တော်သည်အနိမ့်ဆုံး အရပ်မြေကြီးသို့ ဦးစွာဆင်းသက်တော်မူသည် ဟုဆိုလိုပေသည်။-
10. သို့ဖြစ်၍ဆင်းသက်တော်မူသောအရှင်ကား စကြဝဠာတစ်ခုလုံးတွင်ရှိတော်မူရန် မိုး ကောင်းကင်ဘဝဂ်သို့တက်ကြွတော်မူသော အရှင်ပေတည်း။-
11. လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဋ္ဌမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-
12. ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
13. ထို့ကြောင့်ငါတို့၏ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဘုရားသခင်၏သားတော်ကိုသိ ကျွမ်းခြင်းအားဖြင့်လည်းကောင်း ငါတို့ရရှိ သမျှသည်တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် ခရစ်တော်၏ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သည့်သူများအဖြစ်သို့ရောက်ကြ ပေအံ့။-
14. ထိုအခါငါတို့သည်ပရိယာယ်ဖြင့်လူတို့ကို လမ်းလွဲအောင်လိမ်လည်ပြောဆိုတတ်သူတို့၏ သြဝါဒလှိုင်းလုံးများအထဲ၌ သြဝါဒလေ ကြောင်းပြောင်းတိုင်းလွင့်ပါသွားသောကလေး သူငယ်များကဲ့သို့ဖြစ်ကြတော့မည်မဟုတ်။-